Patriot ဒုံးကျည်ကာကွယ်ရေးစနစ်များ ယူကရိန်းသို့ပေးပို့ရန် အဆင်သင့်ဖြစ်နေဟုဆို


ဇွန် ၁၂

အမေရိကန်အနေဖြင့် Patriot ဒုံးကျည်ကာကွယ်ရေးစနစ်များ ယူကရိန်းသို့ပေးပို့ရန် အဆင်သင့်ဖြစ်နေကြောင်း သမ္မတဘိုင်ဒန်က ထုတ်ဖော်ပြောကြားခဲ့သည်။

အချေအတင်ဆွေးနွေးခဲ့ရသည့် အဆင့်မြင့်အစည်းအဝေးများအပြီး သမ္မတဘိုင်ဒန်မှ ယခုလို အတည်ပြုခဲ့ခြင်းဖြစ်သည်။

ယခင်ထွက်ပေါ်ခဲ့သည့် သတင်းများအရ အဆင့်မြင့်ဒုံးကျည်များ အပါအဝင် Patriot ဒုံးကျည်ကာကွယ်ရေးစနစ်များ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁.၁ ဘီလီယံတန်ကြေးရှိကြောင်းသိရသည်။

အမေရိကန်၏ ရုရှားအပေါ်ရန်လိုသောလုပ်ရပ်များအား တုန့်ပြန်ရန် ရုရှားသည် အမေရိကန်နှင့်ဥရောပနိုင်ငံအချို့တွင် ဒုံးကျည်များ တပ်ဖြန့်ချထားမည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ယူကရိန်းသို့ ဒုံးကျည်ကာကွယ်ရေးစနစ်များ ပေးပို့မည့် ဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ