ယာထဲသွားသည့်လင်မယား PDF ထောင်ထားသည့်မိုင်းကို တက်နင်းမိသဖြင့် မိုင်းကွဲ၍သေဆုံး


(အကြမ်းဖက်) ဇွန် ၁၂

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်၊ ဥယာဥ်စုကျေးရွာအနီးတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် တောင်သူလင်မယားနှစ်ဦး သေဆုံးခဲ့ကြကြောင်း သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်အရ သိရသည်။

ဇွန်လ ၁၂ ရက်နေ့ ယနေ့ မွန်းလွဲ ၁ နာရီခွဲကျော်အချိန်ခန့် တွင် ဥယာဥ်စုကျေးရွာအနီးတွင် မိုင်းကွဲသံများကြားခဲ့ရပြီးဒေသခံများမှ စုံစမ်းခဲ့ကြရာ ၎င်းကျေးရွာတွင်နေထိုင်သူ တောင်သူလင်မယားမှယာထဲသို့သွားစဥ် နင်းမိသဖြင့်ပေါက်ကွဲခြင်းဖြစ်ကြောင်း သိရသည်။

“ဒီ PDF တွေက ချောင်းကူးဖြတ်ကျော်ခြင်းမပြုကြဖို့ တားမြစ်ထားတဲ့ကြားက တောင်ယာလုပ်ငန်းခွင်ကို သွားကြလို့ အခုလိုဖြစ်တာပါပဲ” ဒေသခံတစ်ဦးက PAN ကိုပြောသည်။

ဥယာဉ်စုကျေးရွာအနီးရှိ စလင်းချောင်းအားဖြစ်ကူးကာ တောင်ယာလုပ်ငန်းခွင်ကိုသွား​ရောက်သည့် ၎င်းကျေးရွာတွင်နေထိုင်သည့် ဉီးသောင်းတင်နှင့် ဒေါ်စန်းဝေ တို့ လင်မယား(၂)ဉီးမှာ PDF အကြမ်းဖက်သောင်းကျန်းသူမျထောင်ထားသည့်မိုင်းအား နင်းမိ၍ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။

” လင်မယားနှစ်ယောက်စလုံး အစိတ်စိတ် အပိုင်းပိုင်းပဲ ကြည့်မကောင်းဘူး သနားပါတယ်။ ုဒါပေမယ့်ဘာမှမတတ်နိုင်ဘူးလေ” လို့လည်းဒေသခံတွေကပြောသည်။

၎င်း နယ်မြေသည် PDF အကြမ်းဖက်သမားများ စိုးမိုးထားသည့်နယ်မြေဖြစ်ပြီး အခင်းဖြစ်သည့်နေရာသို့ သွားရောက်ရန် ခက်ခဲခြင်း၊ အလောင်းသယ်ယူရန် ခက်ခဲ့သည့်အ​ခြေအနေတွင်ရှိနေကြောင်း.သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ