ပြင်ဦးလွင်၊ မြို့ရှောင်လမ်းတွင် အိမ်ခြံမြေပွဲစားလုပ်ကိုင်သည့် အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံး


ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ မြို့ရှောင်လမ်းတွင် အိမ်ခြံမြေပွဲစားလုပ်ကိုင်သည့် အမျိုးသမီးတစ်ဦးမှာ ၎င်း၏ မော်တော်ယာဥ်ထဲ၌ ဓားဒဏ်ရာ ၁၃ ချက်ဖြင့် ထိုးသတ်ခံရပြီး ၎င်း၏ မျက်နှာကိုပါမီးရှို့သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဇွန်လ ၉ ရက် နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် ပြင်ဦးလွင်မြို့၊ မြို့သစ်၌နေထိုင်သည့် အိမ်ခြံမြေပွဲစားလုပ်သည့်အမျိုးသမီးမှာ မြေပြရန်အတွက် ပြင်ဦးလွင်မြို့၊ မိုးကြိုးပစ်ရွာသို့ မော်တော်ယာဥ်တစ်စီးဖြင့် မောင်းနှင်သွားပြီးနောက် ညခင်းအချိန်တွင် နေအိမ်သို့ပြန်ရောက်လာခြင်းမရှိ၍ မိသားစုဝင်များမှ ဖုန်းဆက်သွယ်သော်လည်း ဖုန်းမကိုင်ကြောင်း သိရသည်။

ထို့နောက် ဇွန်လ ၁၀ ရက် နံနက် ၈ နာရီကျော်တွင် အဆိုပါအမျိုးသမီးကို ပြင်ဦးလွင်မြို့၊ မြို့ရှောင်လမ်းတွင် ရင်ဘတ်၌ ဓားဒဏ်ရာမြောက်များစွာဖြင့် ထိုးသတ်ခံရပြီး မျက်နှာကို မီးရှို့ခံထားရသည့် ရုပ်အလောင်းကို ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးမှာ သားနဲ့ သမီးရှိပြီး ခင်မွန်းဖြစ်သူမှာ ဆုံးပါသွားပြီဖြစ်ကြောင်းသိရသည် သူ့မ၏ရင်ဘတ်မှာ ဓားဒဏ်ရာ ၁၃ ချက်နှင့်ထိုးသတ်ခံရကာ အလောင်းကို ပြင်ဦးလွင် မြို့ရှောင်လမ်းမှာ မီးရှို့ခံရ၍ မျက်နှာနဲ့ဆံပင်တွေ မီးလောင်ထားကြောင်းသိရပြီး ၎င်းရဲ့ရွှေထည်ပစ္စည်းများနှင့် ပိုက်ဆံကိုမယူသွားကြောင်း သိရသည်။

သူ့မ၏ ရုပ်အ‌လောင်းကို ဇွန်လ ၁၀ ရက် ညနေ ၃ နာရီအချိန်မှာ ၎င်း၏ဇာတိမြို့ ဖြစ်သော ဟုမ္မလင်းမြို့မှာ မီးသင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။

ထိုအမျိုးသမီးကိုင်သည့် ဖုန်းကို ဇွန်လ ၁၁ ရက် နံနက်ခင်းအချိန်တွင် ပြင်ဦးလွင်မြို့၊ မြို့သစ်လမ်းနေ အမျိုးသမီးတစ်ဦးမှ လူမှုကွန်ရက်ပေါ်တွင် ဖုန်းတစ်လုံးကောက်ရထားကြောင်း ထိုဖုန်းမှာ Sim ကတ်မရှိသောကြောင့် ဖုန်းပိုင်ရှင်မိသားစုဝင်များ ဆက်သွယ်ရန်တင်ထားပြီးနောက် ထိုဖုန်းကိုမိသားစုဝင်များနှင့် သက်ဆိုင်ရာလူကြီးတွေက လာရောက်ယူဆောင်သွားကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ