တရုတ်နိုင်ငံမှ မြန်မာရေကြောင်းရဲတပ်ဖွဲ့ကို ကင်းလှည့်ရေယာဉ် ၆ စီး ပေးအပ်


(ပြည်တွင်း) ဇွန် ၁၁

ရေကြောင်းရဲတပ်ဖွဲ့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အကူအညီပေးအပ်သည့် ကင်းလှည့်ရေယာဉ် ၆ စီးကို မနေ့က လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။

ယင်းအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းမှာ ရန်ကုန်မြို့၊ အမှတ် (၃) ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲမှူးရုံး(ဝါးတန်း)၌ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Chen Hai ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Chen Hai တို့က လမ်းမတော်မြို့နယ်၊ ကျန်းမာရေးဆိပ်ခံတံတားတွင် ဆိုက်ကပ်ထားရှိသည့် ကင်းလှည့်ရေယာဉ်နှစ်စီးပေါ်ကို တက်ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

တရုတ် – မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနှင့် အိမ်နီးချင်းကောင်းဆက်ဆံရေးတို့အပေါ် အခြေပြု၍လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၏ တရားဥပဒေစိုးမိုးရေးလုပ်ငန်း စဉ်များ အားကောင်းစေရေးအတွက်လည်းကောင်း ၂၈ မီတာ ကင်းလှည့်ရေယာဉ် ၂ စီးနှင့် ၄၈ မီတာ ကင်းလှည့်ရေယာဉ် ၄ စီးတို့ကို အကူအညီပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ