ချောင်းဦးမြို့နယ်၊ တန့်ဆည်မြို့နယ်၊ စစ်ကိုင်းမြို့နယ်နှင့် မြောင်မြို့နယ်တို့တွင် နယ်မြေရှင်းလင်းရေးလုံခြုံရေးအဖွဲ့ဝင်များနှင် အကြမ်းဖက် PDF များ ထိတွေ့ပစ်ခတ်မှုဖြစ်ရာ အကြမ်းဖက်အလောင်းနှင့် ဆက်စပ်လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


(ပြည်တွင်း) ဇွန် ၁၂

ယမန်နေ့ နံနက် ၅ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် ငယှန်ကျေးရွာအနီးတွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များသည် မိုင်းလာထောင်သည့် အကြမ်းဖက် PDF များကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ အကြမ်းဖက် PDF ၁ လောင်း၊ လက်လုပ်ပြောင်းချောသေနတ် ၁ လက်၊ ၁၂ ဗို့ကျည် ၁၄ တောင့်၊ လက်လုပ်မိုင်း(ကွန်ကရစ်) ၃ လုံး၊ ကီးပတ်ဖုန်း ၃ လုံး၊ ဘက္ထရီ(အသေး) ၂ လုံး၊ ဝါယာကြိုး(၁၀၀ ပေ) ၁ ခွေတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

ထို့အတူ ယင်းနေ့ နံနက် ၉ နာရီအချိန်ခန့်ကလည်း တန့်ဆည်မြို့နယ် ကျွန်းတောကုန်း ကျေးရွာအနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် လုံခြုံးရေးအဖွဲ့ဝင်များသည် အကြမ်းဖက် PDFများနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်တစ်ထောင့်ထိုးသေနတ် ၃ လက်၊ ၁၂ ဗို့ကျည် ၁၀ တောင့်တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

အလားတူ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ရှည်ကျေးရွာအနီးတွင် နံနက် ၅ နာရီ ၃၀ မိနစ်အချိန်ခန့်ကလည်း နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် လုံခြုံရေးအဖွဲ့များမှ ကျေးရွာအတွင်း အသေးစိတ်ရှင်းလင်းစဉ် ရေသန့်စက်ဟောင်းအတွင်းက လက်လုပ်သေနတ် ၃ လက်၊ လက်လုပ်ကျည်အိမ် ၁ ခုတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

၎င်းအပြင် အဆိုပါနေ့ နံနက် ၉ နာရီအချိန်ခန့်ကလည်း မြောင်မြို့နယ်၊ ကင်းကျေးရွာအနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် လုံခြုံရေးအဖွဲ့များသည် ကျေးရွာအတွင်း အသေးစိတ်ရှင်း လင်းစဉ် စာသင်ကျောင်းအတွင်းမှ FCG-9 သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၇ လက်၊ လက်လုပ် ၄၀ မမသေနတ် ၂ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ ၁၂ ဗို့ကျည် ၄၀ တောင့်၊ ၉ မမကျည် ၇ တောင့်၊ ၆၀ မမဗုံးသီး ၂ လုံး၊ လက်လုပ်ဗုံးသီး ၉ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၁ လုံး၊ ကျည်အိမ် ၂ ခု၊ ဒီတိုနေတာ ၂၀ ချောင်း၊ လက်လုပ်မိုင်း ၂ လုံး၊ ယမ်းကြိုး ၂ ခွေ၊ ဝါယာကြိုး ၁ ခွေ၊ ၁၂ ဗို့ဘက္တရီ ၁ လုံး၊ ဖြတ်စက် ၁ လုံးတို့ကို သိမ်းဆည်းရမိကြောင်း သိရပါသည်။

NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှု၊ မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု၊ မီးရှို့မှုများအပြင် လူနေအဆောက်အဦများနှင့် အစိုးရရုံးဌာနများကိုလည်း Drop Bomb ဖြင့်ပစ်ချတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိကြောင်း သိရှိရပါသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ