ကိုဗစ်-၁၉ ချေးငွေရယူထားတဲ့ လုပ်ငန်းများအနေနဲ့ ချေးငွေများ အမြန်ဆုံးပေးဆပ်ရန် အသိပေးကြေညာ


(ပြည်တွင်း) ဇွန် ၁၂

ချေးငွေသက်တမ်း ၃ နှစ်ပြည့်မြောက်ကျော်လွန်ခဲ့ပြီးဖြစ်၍ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကိုဗစ်-၁၉ ‌ရောဂါရန်ပုံငွေမှ ချေးငွေပြန်လည်ပေးဆပ်ရန် တာဝန်ကျန်ရှိနေတဲ့ ကုမ္ပဏီ/လုပ်ငန်းများအနေနဲ့ ချေးငွေအတိုး/အရင်းများကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မတိုင်မီ အမြန်ဆုံး အပြေအကျေ ပြန်လည်ပေးဆပ်ပါရန် ကိုဗစ်-၁၉ ‌ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက အသိပေးကြေညာထားပါတယ်။

ကိုဗစ်-၁၉ ရောဂါကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှု ရှိခဲ့သော စီးပွားရေးလုပ်ငန်းများကို ချေးငွေသက်တမ်း ၁ နှစ် (အတိုးနှုန်း ၁ %) ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်ပြီး ချေးငွေများ ထုတ်ချေးခဲ့တာ ဖြစ်ပါတယ်။

ချေးငွေသက်တမ်း ၁ နှစ်ပြည့် မြောက်ခဲ့ပြီးနောက် ပထမအကြိမ် ၆ လ၊ ဒုတိယအကြိမ် ၆ လနှင့် တတိယအကြိမ် ၁ နှစ်နှင့် စုစုပေါင်း ၃ နှစ်အထိ ချေးငွေ သက်တမ်းများ တိုးမြှင့်ဆောင်ရွက်ပေးခဲ့တယ်လို သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

#SZ