(ပြည်တွင်း) ဇွန် ၁၂
ပဥ္စမအကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလ ဗဟုသုတ (၃၈ ဖြာမင်္ဂလာ) ပြိုင်ပွဲဆုချီးမြှင့်ပွဲနှင့် ဆဋ္ဌမပြိုင်ပွဲအတွက် အကြိုမိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကို နေပြည်တော် ပျဥ်းမနားမြို့နယ်ရှိ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်မှာပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ကြပြီး World-PEC ပေါင်းစပ်ညှိနှိုင်းရေးတာဝန်ခံ အငြိမ်းစားဗိုလ်ချုပ်ကြီးသောင်းအေးကအဖွင့်မိတ်ဆက်စကားပြောကြားခဲ့သည်။
ယင်းနောက် ထိုင်းနိုင်ငံဓမ္မကာယကျောင်းတိုက်မှ World-PEC ဦးစီးနာယက ဆရာတော် လုံဖိကိရတိ ကိသိကောမှသြဝါဒစကားမိတ်ကြားခဲ့ပြီး ပဥ္စမအကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလ ဗဟုသုတ (၃၈ ဖြာမင်္ဂလာ) ပြိုင်ပွဲချီးမြှင့်ပွဲချီးမြှင့်မည့် ဆုတံဆိပ်များအား ကျောင်းသားကျောင်းသူလေးများမှ ဆရာတော်အား ဆက်ကပ်ခြင်း၊ ဆုရကျောင်းသူကျောင်းသားများဖြစ်သည့် Greade (4-6) W-3 Winner ပထမဆု၊ Winner (တတိယဆု)၊ W-3 Grade(10-11) ထူးချွန်ဆုရရှိသူများ၊ နှစ်သိမ့်ဆုရရှိသူများ၊ ကြီးကြပ်သူဆရာဆရာမများအား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ခြင်းများပြုလုပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားကို ထိုင်းနိုင်ငံဓမ္မကာယကျောင်းတိုက်မှ World-PEC ဦးစီးနာယက ဆရာတော် လုံဖိကိရတိ ကိသိကော၊ ဆရာတော် လုံဖိဖရ မဟာဆုကျိန်း World-PEC ဒါရိုက်တာ ပက်ချရာလို ဝိချာကွန်သိကွန်နှင့်အဖွဲ့၊ World-PEC ပေါင်းစပ်ညှိနှိုင်းရေးတာဝန်ခံ အငြိမ်းစားဗိုလ်ချုပ်ကြီးသောင်းအေးတို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အစီအစဥ်အရ World-PEC ဒါရိုက်တာ ပက်ချရာလို ဝိချာကွန်သိကွန်ကမိတ်ဆက်စကားပြောကြားခြင်း၊ ပဥ္စမအကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလ ဗဟုသုတ (၃၈ ဖြာမင်္ဂလာ) ပြိုင်ပွဲဆောင်ရွက်မည့်အခြေအနေအား မစ္စစ်အင်ချလီသရီနေ့နှင့် ဆရာလေး ဒေါ်ဉာဏဝတီတို့က ရှင်းလင်းတင်ပြခြင်း၊ ပဥ္စမအကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကိုယ်ကျင့်သီလ ဗဟုသုတ (၃၈ ဖြာမင်္ဂလာ) ပြိုင်ပွဲနှင့်ပတ်သက်၍ သိလိုသည်များအား မေးမြန်းခြင်း စသည့်များပြုလုပ်ခဲ့ကြပြီး အခမ်းအနားအားရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
#PAN