အိုဟိုင်းယိုးပြည်နယ် မီးလောင်မှုတွင်း မြင်းအကောင် ၄၀ ကျော်သေဆုံးပြီး လူတစ်ဦး ဒဏ်ရာရ


(နိုင်ငံတကာ)ဇွန် ၁၁

အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်၊ လိုဂန်ကောင်တီရှိ မြင်းဇောင်းတစ်ခုသည် ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့က မီးလောင်ကျွမ်းခဲ့ပြီး မြင်း ၄၄ ကောင် သေဆုံးခဲ့ပြီး လူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အိုဟိုင်းယိုးပြည်နယ်၊ Belle Center အနီးရှိ Brant Performance Horses မြင်းဇောင်းသည် စတုရန်းပေ ၆၀,၀၀၀ ခန့် ကျယ်ဝန်းပြီး မြင်းကောင်ရေ ၈၅ ကောင်ခန့်ရှိကြောင်းသိရသည်။

အဆိုပါနေရာတွင်း မြင်းများအတွက် ဖျော်ဖြေရေးနေရာနှင့် ဝန်ထမ်းများ နေထိုင်ရန် နေရာလည်း ပါရှိသည်။

မီးလောင်မှုဖြစ်ပွားချိန်တွင် အဆောက်အဦးအတွင်းပိုင်းတွင် ရှိနေသည့် ဝန်ထမ်းတစ်ဦးမှာ မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ခွဲစိတ်ကုသမှုခံယူရနိုင်ကြောင်း အာဏာပိုင်းများက ထုတ်ပြန်သည်။

မီးလောင်မှုကြောင့် အဆိုပါအဆောက်အအုံမှာ ပြိုကျပျက်စီးခဲ့ပြီး မီးလောင်သည့်အကြောင်းအရင်းအား စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ