တရုတ်နိုင်ငံမှ ပန်ခြံတစ်ခုတွင် အမေရိကန်ကျောင်းဆရာ လေးဦး ဓားနဲ့ထိုးခံရ


(နိုင်ငံတကာ) ဇွန် ၁၁

တရုတ်နိုင်ငံ မြောက်ပိုင်း ကျီးလင်းခရိုင်ရှိ အများပြည်သူ အပန်းဖြေသည့် ပန်းခြံတစ်ခုတွင် ဇွန်လ ၁၀ ရက်နေ့က အမေရိကန်နိုင်ငံသား ကောလိပ်ကျောင်း ဆရာ ၄ ဦး ဓားဖြင့် ထိုးခံခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်ခံရသူများသည် အိုင်အိုဝါပြည်နယ် Cornell College မှ ကိုယ်စားလှယ်များဖြစ်ပြီး တရုတ်နိုင်ငံမှ တက္ကသိုလ်တစ်ခုနှင့် ပူးဆောင်း ဆောင်ရွက်ရန် ရောက်ရှိနေခြင်းဖြစ်သည်။

ဓားဖြင့် တိုက်ခိုက်ခံရသူများကို ဆေးကုသမှုဆောင်ရွက်ပေးနေပြီး အသက်အန္တရာယ် စိုးရိမ်ဖွယ်မရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည်။

အာဏာပိုင်များနှင့် တရုတ်အစိုးရအနေဖြင့် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိခြင်းရှိမရှိကို ထုတ်ပြန်ခြင်းမရှိပဲ စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေပြီး တရုတ်နိုင်ငံတွင် နိုင်ငံခြားသားများ ဘေးကင်းလုံခြုံမှုရှိစေရန် လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ