ဆိုင်ကယ်စီးသင်နေသည့် ကျောင်းသား ၂ ဦး အကြမ်းဖက် PDF များ ထောင်ထားသည့် မိုင်းနင်းမိ


(ပြည်တွင်း) ဇွန် ၁၁

မန္တလေးတိုင်းဒေသကြီး၊ စဥ်ကူးမြို့နယ်၊ အေးမြချမ်းသာရပ်ကွက်၊ နွယ်ရုံကျေးရွာသုဿန်၏ အနောက်ဘက်ရှိ ဘောလုံးကွင်းဘေး၊ နွယ်ရုံ-ရေမျက်သွားလမ်းတွင် ကျောင်းသား ၂ ဦး ဆိုင်ကယ်စီးသင်နေစဉ် အကြမ်းဖက် PDF သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းအား ဆိုင်ကယ်ဖြင့်နင်းမိ၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဥ်မှာ ၈-၆-၂၀၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ နွယ်ရုံကျေးရွာမှ Grade-5 ကျောင်းသားများဖြစ်ကြ သည့် မောင်စိုင်းလုံ(ခ)အိုက်လုံချမ်း၊ အသက် ၁၄ နှစ် နှင့် မောင်ဝင်းဝင်းတောက်၊ အသက် ၁၃ နှစ်တို့ ၂ ဦးသည် နွယ်ရုံကျေးရွာသုဿန်၏ အနောက် ဘက်ရှိ ဘောလုံးကွင်းဘေး၊ နွယ်ရုံ-ရေမျက်သွားလမ်းတွင် ဆိုင်ကယ်စီးသင်နေစဉ် အကြမ်းဖက် PDF သောင်းကျန်းသူများ ထောင်ထားသည့် မိုင်း အား ဆိုင်ကယ်ဖြင့် နင်းမိ၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် မောင်စိုင်းလုံ(ခ)အိုက်လုံချမ်းတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲ ဒဏ်ရာ ၁ ချက်၊ အထက်နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ ၁ ချက်၊ လည်ပင်း ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲ-နံဘေး ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲ-လက် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ နှာခေါင်း ပေါက်ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့ပြီး မောင်ဝင်းဝင်းတောက်တွင် ရရှိဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ မောင်စိုင်းလုံအား စဉ့်ကူးမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသထားကြောင်း သတင်းရရှိပါသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ