ရွှေဘိုမြို့၊ ရွှေစံပြဆေးရုံပိုင်ရှင်လင်းမယား ၂ ဦးနှင့်စာရေးဆရာစောသက်ရွှေဆိုသူတို့ကို အကြမ်းဖက်PDFအဖွဲ့မှ ဖမ်းဆီး


(ပြည်တွင်း) ဇွန် ၁၀

ယမန်နေ့က စစ်ကိုင်းတိုင်း‌ဒေသကြီး၊ရွှေဘိုမြို့၊ ရွှေစံပြဆေးရုံပိုင်ရှင်လင်းမယား ၂ ဦးနှင့် စာရေးဆရာစောသက်ရွှေတို့ကို အကြမ်းဖက် PDF အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင် သွားခြင်းခံရကြောင်း သိရှိရသည်။

အဆိုပါ ဦးမြတ်သာထွန်းလင်မယား ၂ ဦးနှင့် စာရေးဆရာစောသက်ရွှေတို့သည် ကျောက်မြောင်းဘက်မှ မန္တလေးဘက်သို့သွားရာ တအုံရွာနှင့် အုန်းပေါက် ရွာ အကြားတွင် အကြမ်းဖက် PDF အဖွဲ့များက ဖမ်းဆီးသွားပြီး စာရေးဆရာဖြစ်သူ စောသက်ရွှေကို ပြန်လည်လွှတ်ပေးပြီး ကား နှင့် ဆေးရုံပိုင်ရှင် လင်မ ယား ၂ ဦးကိုပြန်လွှတ်‌ပေးခြင်းမရှိသေးပဲ ဆက်လက်ဖမ်းဆီးထားကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကြမ်းဖက် PDF အဖွဲ့များသည် ယခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လုပ်ငန်းရှင်များနှင့် ခရီးသွားပြည်သူများကို ဖမ်းဆီးကာ ငွေကြေးတောင်းယူမှုများ ခတ်စိတ်စိတ်လုပ်ဆောင်လာနေကြကြောင်း၊ ၎င်းတို့အကြမ်းဖက် PDF အဖွဲ့အချင်းချင်းပစ်ခတ်တိုက်ခိုက်မှုများရှိလာကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် နှစ်အလယ်ပိုင်းကလည်း ပုလဲမြို့နယ်အခြေစိုက်ဖြစ်သော နဂါး၏ MRDA အဖွဲ့မှ ဒုတပ်ရင်းမှူးဆိုသူ ကိုဆာန်(ခ) ဗိုလ်ဂဠူန် ဆိုသူ သည်လည်း နဂါးအဖွဲ့မှ ခွဲထွက်ကာ S.T.A.R အမည်ဖြင့် တသီးတခြားအဖွဲ့တခု ထူးထောင်သွားကြောင်းသိရသလို ပိုက်နက်နယ်မြေအတည်းတကျမရှိပဲ လုပ်ကိုင်ဆောင်ရွက်နေကြောင်း ယမန်နေ့က Online Media ပေါ်တွင် ထုတ်ဖော်လာကြောင်းသိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ