ရေစကြိုမြို့နယ်၊ ခုနှစ်ပင်ကျေးရွာအနီး အကြမ်းဖက် PDF အလောင်း လက်နက် ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိ


ဇွန် ၁၀

ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ခုနှစ်ပင်ကျေးရွာအနီးတွင် နယ်မြေရှင်းလင်းနေသည့် လုံခြုံရေးအဖွဲ့ဝင်များနှင့် အကြမ်းဖက် PDF များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက် PDF အလောင်းနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း သိရသည်။

ယင်း ထိတွေ့ပစ်ခတ်မှုမှ အကြမ်းဖက် PDF ၄ လောင်း၊ မောင်းပြန်ရိုင်ဖယ် သေနတ် ၄ လက်၊ ကျည်အိမ် ၃ ခု၊ ကျည်မျိုးစုံ ၁၀၆ တောင့်၊ မိုင်း ၁ လုံးတို့ကို သိမ်းဆည်းရမိကြောင်းသိရသည်။

NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှု၊ မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု၊ မီးရှို့မှုများအပြင် လူနေအဆောက်အဦများနှင့် အစိုးရရုံးဌာနများကိုလည်း Drop Bomb ဖြင့်ပစ်ချတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိကြောင်း သိရှိရပါသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ