မုံရွာမြို့နယ်နှင့် စစ်ကိုင်းမြို့နယ်တို့တွင် အကြမ်းဖက် PDF များ၏ အလောင်းနှင့်၎င်းတို့၏ လက်နက်ခဲယမ်းများသိမ်းဆည်းရမိ


ဇွန် ၁၀

မုံရွာမြို့နယ်နှင့် စစ်ကိုင်းမြို့နယ်တို့တွင် နယ်မြေရှင်းလင်းရေးဆောင်‌ရွက်နေသောလုံခြုံတပ်ဖွဲ့ဝင်များ မသင်္ကာဖွယ်ရာ ဆိုင်ကယ်မောင်းနှင်လာသူများကို တွေ့ရှိသဖြင့် ရပ်တန့်စေရာ ရပ်တန့်ခြင်းမရှိပဲ မောင်းနှင်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးမှုရှိခဲ့ရကြောင်း သိရသည်။

ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ထနောင်းတောကျေးရွာအနီးတွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မသင်္ကာဖွယ်ရာ ဆိုင်ကယ် ၂ စီးအားရပ်တန့်စစ်ဆေးစဉ် မောင်းနှင်ထွက်ပြေးသွားသဖြင့် ပစ်ခတ်ဖမ်းဆီးရာ အကြမ်းဖက် PDF ၃ လောင်း AK သေနတ် ၁ လက်၊ AK ကျည်အိမ် ၁ ခု၊ AK ကျည် ၁၅ တောင့်တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

ထို့အတူ ယမန်နေ့ နံနက် ၆ နာရီအချိန်ခန့်တွင် စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာကျေးရွာအနီးတွင်းလည်း နယ်မြေရှင်းလင်းနေသောလုံခြုံရေးအဖွဲ့များက မသင်္ကာဖွယ်ဆိုင်ကယ်တစ်စီးကို တွေ့ရှိ၍ စစ်ဆေးရန်ခေါ်ယူစဉ် မောင်းနှင်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာအကြမ်းဖက် PDF ၂ လောင်း၊ မိုင်းခွဲသည့် ရီမု ၂ ခု၊ ဒီတိုနေတာ ၅ ချောင်း၊ ၁၂ ဗို့ ဘတ္ထရီ ၁ လုံး၊ဆားကစ်ပြား ၁ ခု၊ 9V ဓာတ်ခဲ ၃ လုံး၊ ဝါယာကြိုး(ပေ ၅၀ ခန့်) ၁ခွေ တို့ကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ