ပါလက်စတိုင်းအရေးဆန္ဒပြမှုနှင့်ပတ်သက်ပြီး ဟားဗတ်တက္ကသိုလ်ကျောင်းသားများ ဘွဲ့ယူရန်ငြင်းဆို


(နိုင်ငံတကာ) ဇွန် ၁၀

ပါလက်စတိုင်းအရေးဆန္ဒပြမှုနှင့်ပတ်သက်ပြီး ကျောင်းသား ၁၃ ဦးအား ဘွဲ့ဒီဂရီ အပ်နှင်းမှု ရွှေ့ဆိုင်းပြီးနောက် အခြားကျောင်းသားအများအပြားလည်း ဘွဲ့နှင်းသဘင်အခမ်းအနားမှ ထွက်ခွာသွားကြသည်။

တက္ကသိုလ်၏ ထိပ်တန်းအုပ်ချုပ်ရေးအဖွဲ့ဖြစ်သော ဟားဗတ်ကော်ပိုရေးရှင်းသည် ပြီးခဲ့သောလက တက္ကသိုလ်တွင် သုံးပတ်ကြာ ပါလက်စတိုင်းလိုလားသော ဆန္ဒပြမှုများတွင် ပါဝင်ပတ်သက်မှုကြောင့် ယခုနှစ်ဘွဲ့နှင်းသဘင်အခမ်းအနားတွင် အဆိုပါကျောင်းသားများအား ဘွဲ့ဒီဂရီလက်ခံခြင်းမှ တားမြစ်ခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်နိုင်ငံ၊ လာဟိုမြို့ ဇာတိဖြစ်သည့် Safi နှင့် အခြား ကျောင်းသား ၁၂ ဦးအား ကမ္ဘာ့ဂုဏ်သိက္ခာအရှိဆုံး တက္ကသိုလ်တစ်ခုမှ ဘွဲ့ဒီဂရီအပ်နှင်းရန် တစ်နှစ် ရွှေ့ဆိုင်းခဲ့ခြင်းကြောင့် အခြားကျောင်းသားများလည်း ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဂါဇာကမ်းမြောင်ဒေသသို့ အစ္စရေးမှ စစ်ဆင်ရေးမှ ပြင်းပြင်းထန်ထန် ဆောင်ရွက်ခဲ့ပြီးနောက် အမေရိကန်နှင့် ဥရောပရှိ ထိပ်တန်းတက္ကသိုလ်များတွင် ဆန္ဒပြမှုပေါင်းများစွာဖြစ်ပေါ်ခဲ့သည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ