တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ


(မှုခင်း) ဇွန် ၁၀

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲများက စစ်ဆေးမှုများဆောင်ရွက်ရာတွင် မြစ်ငယ်စစ်ဆေးရေး စခန်း၌ ဆီသယ်ယာဉ်တစ်စီးပေါ်မှ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီဂါလန် ၃၂၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၄၆၄၀၀၀)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Nissan Diesel Bowser တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၀၀၀၀၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရလည်းကောင်း၊ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Super Glue ၃၀၀၈ ထုပ်၊ Tamaring Juice ဘူး ၃၀၀၊ ကလေးစီးစက်ဘီး ၁၆၈၂ စီးနှင့် Screen Protector Glass အပါအဝင် ကုန်ပစ္စည်း ခုနစ်မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၆၂၅၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Bus တစ်စီးနှင့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၅၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ကျွဲတပ်ဆုံစစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် ပိတ်လိပ် ၁၂၆၀၀ ကီလိုဂရမ်၊ Fruit Stick အခု ၈၀ အပါအဝင် ကုန်ပစ္စည်း ၁၆ မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၄၈၃၄၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာ သည့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၇၅၅၃၀၀၀)ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဇွန် ၈ ရက်နှင့် ၉ ရက်တို့တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲများက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို ရတနာပုံတံတားပူးပေါင်း စစ်ဆေးရေးဂိတ်၌ တရားဝင်သယ်ဆောင်ခွင့် အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် Chang Beer သံဘူး ၉၆၀ ၊ Grand Royal Whisky ပုလင်း ၃၀၀ အပါအဝင် ကုန်ပစ္စည်းခြောက်မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၄၀၀၀၀)ကို ယစ်မျိုးဥပဒေအရလည်းကောင်း၊ လိုင်စင် မဲ့ Honda Fit မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀)ကို ပိုကုန်သွင်းကုန် ဥပဒေအရလည်းကောင်းစုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၂၄၀၀၀၀)ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇွန် ၉ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲများက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူ ခရိုင်နှင့် ပြည်ခရိုင်တိုအတွင်း၌ တရားမဝင် ကျွန်းသစ် ၇ ဒသမ ၀၀၀ တန်၊ သစ်မာသုညဒသမ ၆၁၉ တန်နှင့် အခြားသစ် ၈ ဒသမ ၀၉၈ တန် စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၇၈၈၆၂၃)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သိုဖြစ်ပါ၍ ဇွန် ၈ ရက်နှင့် ၉ ရက်တိုတွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာအမှုတွဲ(၁၆)မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၆၅၈၁၆၂၃)ဖြစ်ကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ