ကျိုင်းတုံမြို့၌ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဓားထိုးခံရမှုဖြစ်ပွား


(ပြည်တွင်း)ဇွန် ၁၀

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ ၊ ယန်းခမ်းစျေးအနီးတွင် လူငယ်တစ်ဦး ဓားထိုးခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဥ်မှာ ကျိုင်းတုံမြို့ ၊ ယန်းခမ်းစျေးအနီးတွင် ယမန့်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ချိန် ခန့်တွင် ရွှေနဂါးဆိုင်ဘက်မှ ယမ်းခမ်းစျေး၊ ဝန်ထမ်းအိမ်ယာဘက်သို့ ဆိုင်ကယ်စီးနင်းလာသူ ၃ ဦးအား မော်တော်ယာဥ် ၂ စီးပေါ်မှ လူများဆင်းလာပြီး ဝိုင်းဝန်ရိုက်နှက်ထိုးကြိတ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ထိုးကြိတ်မှုကြောင့် ဆိုင်ကယ်စီးနှင်းလာသူ ၃ ဦး အနက် ၂ ဦးတွင် ဖူးယောင် ဒဏ်ရာများအသီးသီး ရရှိပြီး တစ်ဦးမှာ ဓားဖြင့်ထိုးခံလိုက်ရသည်ဟု ယူဆရသော ထိုးသွင်းဒဏ်ရာများ ရရှထားသဖြင့် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ကာဆေးကုသမှု ခံယူနေရကြောင်း ကနဦး သိရှိရသည်။

ဓားဖြင့်ထိုးခံရသူမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ