ကိုဗစ်-၁၉ ရန်ပုံငွေပေးရန်ရန်ကျန်ရှိသူများ ပေးဆပ်ကြရန်ကြေညာ


(စီးပွားရေး) ဇွန် ၁၀

ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားပြီး အတိုး/အရင်း ပေးဆပ်ရန် ကျန်ရှိနေသောလုပ်ငန်းများအနေဖြင့် ချေးငွေများအား အမြန်ဆုံးပေးဆပ်ရန် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများ အပေါ် ကုစားရေးလုပ်ငန်းကော်မတီ အသိပေးကြေညာထားသည်။

ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများအား ချေးငွေသက်တမ်း ၁ နှစ်(အတိုးနှုန်း ၁ %) ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ စတင်၍ ချေးငွေများထုတ်ချေးခဲ့ကြောင်း သိရသည်။

ချေးငွေသက်တမ်း ၁ နှစ် ပြည့်မြောက်ခဲ့ပြီးနောက် ပထမအကြိမ် ၆ လ၊ ဒုတိယအကြိမ် ၆ လ နှင့် တတိယအကြိမ် ၁ နှစ်နှင့် စုစုပေါင်း ၃ နှစ်အထိ ချေးငွေသက်တမ်းများ တိုးမြှင့်ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

ယခုအခါတွင် ချေးငွေသက်တမ်း ၃ နှစ် ပြည့်မြောက်ကျော်လွန် ခဲ့ပြီးဖြစ်ပါသဖြင့် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေပြန်လည် ပေးဆပ်ရန် တာဝန်ကျန်ရှိနေသည့် ကုမ္ပဏီ/ လုပ်ငန်းများအနေဖြင့် ချေးငွေအတိုး/ အရင်းများကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ မတိုင်မီ အမြန်ဆုံးအပြေအကျေ ပြန်လည်ပေးဆပ်ပါရန် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများ အပေါ် ကုစားရေးလုပ်ငန်းကော်မတီ အသိပေးကြေညာထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ