အဝေးသင်များအတွက် ကျောင်းအပ်ရက်ကို ဇွန်လ ၂၈ ရက်ထိဆက်လက်တိုးမြှင့်


(ပညာရေး) ဇွန် ၉

အဝေးသင်များအတွက် ကျောင်းအပ်ရက်ကို ဇွန်လ ၂၈ ရက်ထိဆက်လက်တိုးမြှင့်


(ပညာရေး) ဇွန် ၉

အဝေးသင်တက္ကသိုလ်၊ သင်တန်းများ တက်ရောက်မည့်သူများအတွက် ကျောင်းအပ်နှံမှတ်ပုံတင်နိုင်မည့် နေ့ရက်ကို ဆက်လက်တိုးမြှင့်ပေးထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။

ထိုကဲ့သို့ ကျောင်းအပ်မှတ်ပုံတင်ခြင်းကို ယခုဇွန်လ ၂၈ ရက်အထိ ရုံးပိတ်ရက်များမှအပ သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များတွင် ဆက်လက်အပ်နှံနိုင်မှာ ဖြစ်ပါတယ်။

၂၀၂၄ ပညာသင်နှစ် အဝေးသင်သင်တန်းများကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်က စတင်ဖွင့်လှစ်ခဲ့ကာ ပထမနှစ်၊ ဒုတိယနှစ်နှင့်အထက် သင်တန်းများ ကျောင်းအပ်ခြင်းကို မေလ ၃၁ ရက်အထိ သက်ဆိုင်ရာ တက္ကသိုလ်ကောလိပ်များတွင် ဆောင်ရွက်ပေးခဲ့ရာမှ ကျောင်းအပ်နှံရက်ကိုထပ်မံ၍ တိုးမြှင့်ပေးခဲ့ တာဖြစ်ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

#SZ