အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် လေးအိမ်တန်းကျေးရွာမှ အပြစ်မဲ့ပြည်သူ ၄ ဦး ​​သေနတ်ထိမှန်ဒဏ်ရာများ ရရှိ


(ပြည်တွင်း)ဇွန် ၉

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ လေးအိမ်တန်းကျေးရွာ၊ တာဘောင်ပေါ်တွင် အခြေပြုကာ လုံခြုံရေးဆောင်ရွက်နေသော ပြည်သူ့စစ် (ဌာနေ)မှ ပြည်သူ့စစ်အဖွဲ့ဝင် ၂၀ ဦးသည် လုံခြုံရေးဆောင်ရွက်နေစဉ် ယနေ့ ၈ နာရီခွဲအချိန်ခန့်က လေးအိမ်တန်းကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာ ဒါးကျွန်းကျေးရွာဘက်မှ အကြမ်းဖက်အဖွဲ့အင်အား(စီစစ်ဆဲ)မှ လက်နက်ငယ်များဖြင့် လာရောက် ခြောင်းမြောင်းပစ်ခတ်ခဲ့ပြီး ရွာ၏ အနောက်ဘက် ဒါးကျွန်းကျေးရွာဘက်သို့ ပြန်လည်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်အဖွဲ့မှ လာရောက် ခြောင်းမြောင်းပစ်ခတ်မှုကြောင့် ပြည်သူ့ စစ်အဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း လေးအိမ်တန်း ကျေးရွာနေ ပြည်သူများဖြစ်သော ဦးအောင်နု၊ အသက် ၇၃ နှစ်တွင် ဆီးခုံဝဲဘက်ဘေး ဖောက်ဝင်ဒဏ်ရာ ၁ ချက် (စိုးရိမ်ရ)၊ ဦးနိုင်ဝင်း၊ အသက် ၄၆ နှစ်တွင် ဝဲ-ခြေသလုံးဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ဒေါ်သီသီအေး၊ အသက် ၄၀ နှစ်တွင် ဝဲ-လက် မောင်းရင်းဖောက်ဝင်ပြီး နောက်ကျော ဖောက်ထွက်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)၊ ဦးထွန်းလွင်၊ အသက် ၅၃ နှစ်တွင် ယာ-ရင်အုံဖောက်ဝင်ပြီး နောက်ကျောဖောက်ထွက်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)တို့ ရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများအား မြင်းခြံခရိုင် ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသထားကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ