ရေတာရှည်မြို့နယ်၊ ဆောင်အိုင်ရွာနေ အပစ်မဲ့ပြည်သူတစ်ဦးအား အကြမ်းဖက် KNU အဖွဲ့မှ အကြောင်းမဲ့သတ်ဖြတ်


(ပြည်တွင်း) ဇွန် ၉

ယနေ့နေ့လည် ၁ နာရီအချိန်ခန့်က ရေတာရှည်မြို့နယ်၊ ကြာအင်းကုန်းအုပ်စု၊ ဆောင်အိုင်ရွာနေ ဦးတင်စိုး၊ အသက် ၅၄ နှစ်အား အကြမ်းဖက် KNU အဖွဲ့မှ အကြောင်းမဲ့ သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒေါင်းအင်းကုန်းအုပ်စု၊ ဂွေးသဲရွာတံတားအနီးတွင် ဦးကိုကြီး လက်အောက်ခံ အကြမ်းဖက် KNU အဖွဲ့များမှ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရှိရပြီး၊ ၎င်းကျေးရွာသည် KNU/PDF များအမြဲဝင်ထွက်သွားလာနေသော ရွာဖြစ်ကြောင်းလည်း သိရှိရပါသည်။

Telegram>>…
https://t.me/positiveanglenews

PAN

#SZ