ယူကရိန်းသို Mirage 2000 တိုက်လေယာဉ်များပေးအပ်မည်ဟု မက်ခရွန်ပြော


(ပြည်တွင်း) ဇွန် ၉

ပြင်သစ်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ Mirage 2000 အမျိုးအစား တိုက်လေယာဉ်များပေးအပ်၍ ယူကရိန်းလေယာဉ်မှူးများကိုလည်း လေ့ကျင့် သင်ကြားပေးမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ပြောသည်။

ပြင်သစ်အစိုးရသည် ယူကရိန်းသို့ ပြင်သစ်နိုင်ငံထုတ် တိုက်လေယာဉ်များ လွှပြောင်းပေးရေးအတွက် ယူကရိန်းနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါတိုက်လေယာဉ်များ မောင်းနှင်ပျံသန်းနိုင်ရေး အတွက်လည်း ယူကရိန်းလေယာဉ်မှူးများအား လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း မက်ခရွန် က ပြင်သစ် ရုပ်သံကြီးတစ်ခုဖြစ်သည့် TF1 အား ဇွန်လ ၆ ရက်တွင် ပြောကြားခြင်းဖြစ်သည်။

ပြင်သစ်နိုင်ငံထုတ် Mirage 2000 တိုက်လေယာဉ်များသည် အမေရိကန်တို၏ F-16 တိုက်လေယာဉ် များနှင့် ရင်ပေါင်တန်းနိုင်စွမ်းရှိပြီး ပြင်သစ်တိုက်လေ ယာဉ်များက စစ်ကစားမှုပြုလုပ်ရာတွင် ပိုမိုသာလွန်မှု ရှိသည်။ ယူကရိန်းအစိုးရသည် F-16 တိုက်လေယာဉ်ကိုသာမက ပြင်သစ်တိုက်လေယာဉ်များကိုပါ ၎င်းတိုထံ ပေးအပ်ရန် ယူကရိန်းနိုင်ငံက တောင်းဆိုခဲ့ခြင်းဖြစ်သည်။ သိုရာတွင် ပြင်သစ်အစိုးရက ယူကရိန်းသို Mirage 2000 တိုက်လေယာဉ် မည်မျှ ပေးအပ်မည်နှင့် မည်သည့်အချိန်တွင် လွှပြောင်းပေးအပ်မည်ကို အတိအကျ ထုတ်ပြန်ထားခြင်းမရှိပေ။

ပြင်သစ်နိုင်ငံသည် လက်ရှိတွင် Mirage 2000-5 အမျိုးအစား တိုက်လေယာဉ် ၂၆ စင်းနှင့် Mirage 2000-D တိုက်လေယာဉ် ၆၅ စင်း ဖြန့်ကြက်ထားသည်။

ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ နော်ဝေနှင့် နယ်သာလန်နိုင်ငံတိုကလည်း ယူကရိန်းနိုင်ငံသို F-16 တိုက် လေယာဉ်များ လွှပြောင်းပေးမည်ဟု ကတိကဝတ်ပြုထားသော်လည်း ယခုအချိန်အထိ ပေးအပ်နိုင်ခြင်း မရှိသေးကြောင်းသိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ