ပေါက်ကွဲကျေးရွာရှိ ရက်လည်ဆွမ်းကျွေးပြုလုပ်မည့် နေအိမ်သို့ အကြမ်းဖက်သောင်းကြမ်းသူများရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်


(ပြည်တွင်း) ဇွန် ၉

ယနေ့ မွန်းလွဲ ၂ နာရီ ၂၅ အချိန်ခန့်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ ပေါက်ကွဲကျေးရွာရှိ ရက်လည်ဆွမ်းကျွေးပြုလုပ်မည့် နေအိမ်သို့ အကြမ်းဖက်သောင်းကြမ်းသူများရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်သွား၍ သေဆုံးသူနှင့် ဒဏ်ရရှိသူများရှိကြောင်း သိရှိရသည်။

ဖခင်ဖြစ်သူ၏ ရက်လည်ဆွမ်းပြုလုပ်နေသော ကိုမင်းမင်းစိုး(အရောင်းအဝယ်လုပ်ငန်း)၊ အသက် ၄၁ နှစ်၏ နေအိမ်အတွင်းသို့ အကြမ်းဖက် PDF အဖွဲ့ (စိစစ်ဆဲ)မှ ကင်းရွာကျေးရွာနှင့် ပေါက်တောကျေးရွာ ကျေးရွာချင်းဆက်လမ်းအတိုင်း မော်တော်ယာဉ်အမျိုးအစား (စိစစ်ဆဲ)ဖြင့် အမည်မသိအမျိုးသား ၅ ဦးမှ မောင်းနှင်လာပြီး နာရေးအိမ်အနီးအရောက် အမျိုးသား ၂ ဦးမှ ယာဉ်ပေါ်မှဆင်း၍ ခြေလျှင်လမ်းလျောက်ကာ နာရေးအိမ်အတွင်းသို့ လက်နက်ငယ်ဖြင့် ပစ်ခတ်ပြီး လာရာလမ်း အတိုင်းပြန်လည်ထွက်ခွာသွားခဲ့သွားကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ခတ်ခံရမှုကြောင့် ဦးဇော်မျိုး(ခ)ဇော်မျိုးဝင်း၊ အသက် ၅၃ နှစ်၊ ကန်သာယာရပ်ကွက်၊ ဘီးလင်းမြို့နယ် နေသူတွင် ယာပါးဖောက်ဝင် ဒဏ်ရာ ၂ ချက်၊ ဝဲနားထင်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာနဖူးအပေါ်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရရှိ၍ သေဆုံးသွားခဲ့သလို ဦးရန်နိုင်လင်း(ခ)သံကွင်း၊ အသက် ၃၇ နှစ်၊ ဇုတ်သုတ်ကျေးရွာ၊ ဝဲလက်မောင်းရင်းဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်းသိရပြီး ရဲထွဋ်နောင်၊ အသက် ၁၃ နှစ်၊ ပေါက်ကွဲကျေးရွာ နေသူတွင် ဝဲခြေသလုံးဖောက်ဝင်/ထွက်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)ရရှိပြီး ၊ မဇင်မာ၊ အသက် ၃၀ နှစ်၊ ဇုတ်သုတ် ကျေးရွာနေသူတွင် ဝဲခြေသလုံးဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိတို့ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်မှ သေဆုံးသူ ကျား ၂ ဦး၊ ဒဏ်ရာရရှိသူ ကျား ၁ ဦး ၊ မ ၁ ဦး စုစုပေါင်း ၄ ဦးတို့ကို ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ထားရှိပြီး ဖြစ်ကြောင်း သိရှိရသည်။

အခင်းဖြစ်နေရာသို လုံခြုံရေးအဖွဲ့ဝင်များရောက်ရှိစစ်ဆေးပြီး‌နောက် အကြဖက် PDF အဖွဲ့များဆုတ်ခွာ ထွက်ပြေးသွားသည့်ဘက်သို့ လုံခြုံရေးပူးပေါင်းအဖွဲ့မှ လိုက်လံနယ်မြေရှင်းလင်းရေးဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ