နိုက်စ်အသင်း နည်းပြဖြစ်လာတဲ့ ဖရန့်ခ်ဟေဆီ


(အားကစား) ဇွန် ၉

နိုက်စ်အသင်းက လန်းစ်အသင်းရဲ့နည်းပြ ဖရန့်ခ်ဟေဆီ ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရပါတယ်။

ဖရန့်ခ်ဟေဆီ က လန်းစ်အသင်းကို ၂၀၂၀ ခုနှစ်မှာ စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၂၂-၂၃ ရာသီ၌ ပြင်သစ်လီဂူးပြိုင်ပွဲမှာ ဒုတိယနေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

ဒါကြောင့် ဖရန့်ခ်ဟေဆီ အနေနဲ့ ၎င်းရာသီမှာ ပြင်သစ်လီဂူးပြိုင်ပွဲရဲ့ အကောင်းဆုံးနည်းပြဆုကိုလည်း ရရှိခဲ့ပြီး ယခုအခါ နိုက်စ်အသင်းက (၃)နှစ်စာချုပ်ဖြင့် နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ