ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များရှိ စက်မှုလုပ်ငန်းများစုစည်းပြီး စက်မှုဇုန်အသစ်တွေ ထပ်မံတည်ဆောက် ပေးသွားမည်


(ပြည်တါင်း) ဇွန် ၉

စက်မှုဇုန်ပြင်ပတွင် လည်ပတ်နေတဲ့ လုပ်ငန်းတွေရှိတာကြောင့် စက်မှုဇုန်အသစ်တွေ ထပ်မံတည်ဆောက် ပေးသွားရမှာဖြစ်တယ်လို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က ပြောကြား လိုက်ပါတယ်။

ပြည်တွင်းစက်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းတွေ ဆောင်ရွက်နိုင်ရန်အတွက် စက်မှုဇုန်အသစ်တွေ တည်ထောင်ရန်နဲ့ တည်ထောင်ထားတဲ့စက်မှုဇုန်တွေ စနစ်တကျဖွံဖြိုးတိုးတက်ရေးရည်ရွယ်ပြီး စက်မှုဇုန်ဥပဒေကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၆ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ကာ တာဝန်ခံဝန်ကြီးဌာနအဖြစ် စက်မှုဝန်ကြီးဌာနက တာဝန်ယူထားကြောင်း၊ အတည်ပြုပြီး စက်မှုဇုန်ဥပဒေနဲ့အညီ ဗဟိုကော်မတီ၊ ဒေသဆိုင်ရာကော်မတီ၊ စီမံခန့်ခွဲရေးကော်မတီတွေဖွဲစည်းပြီး စက်မှုဇုန်အသစ်များ စနစ်တကျထူထောင်သွားရန်၊ တည်ထောင်ပြီး စက်မှုဇုန်တွေကို အဆင့်မြှင့်တင်ရန်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်တွေမှာ ပြန့်ကျဲတည်ရှိနေတဲ့ စက်မှုလုပ်ငန်းတွေကို စက်မှုဇုန်တွေမှာ စုပေါင်းလုပ်ကိုင်စေဖို့ လိုအပ်တယ်လို့ ၎င်းကပြောကြားပါတယ်။

လက်ရှိတွင် မြန်မာနိုင်ငံမှာ တည်ထောင်ပြီးစက်မှုဇုန် ၂၈ ဇုန်၊ စက်မှုရပ်ကွက်ငါးခု၊ ဆောင်ရွက်ဆဲ စက်မှုဇုန်စီမံကိန်း နှစ်ခုရှိကြောင်း၊ အဆိုပါစက်မှုဇုန်၊ စက်မှု ရပ်ကွက်နဲ့ စီမံကိန်းတွေအတွင်း အငယ်စား၊ အလတ်စားနှင့် အကြီးစားစက်မှုလုပ်ငန်းပေါင်း ၇,၉၇၂ ခုရှိပြီး လုပ်သားပေါင်းငါးသိန်းကျော် အလုပ်လုပ်ကိုင် နေကြောင်း သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ