ကျပ်သိန်း ၅၀၀ အပါအဝင် ထီဆု ၁၄,၀၀၀ နီးပါး ထုတ်ယူရန်ကျန်ရှိနေ


(ပြည်တွင်း) ဇွန် ၉

(၅၂)ကြိမ်မြောက် အောင်ဘာလေထီသိန်းဆုထီဖွင့်ပွဲမှာ ကျပ်သိန်း ၅၀၀ တစ်ဆု၊ ကျပ်သိန်း ၂၀၀ နှစ်ဆု အပါအဝင် ဆုမဲပေါင်း တစ်သောင်းလေးထောင်နီးပါး လာရောက်ထုတ်ယူခြင်းမရှိရင် အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမှာဖြစ်တယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန် ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁ ရက်မှာ ဖွင့်လှစ်ခဲ့တဲ့ (၅၂)ကြိမ်မြောက် ကျပ် ၁,၀၀၀ တန် အောင်ဘာ လေသိန်းဆုဖွင့်ပွဲမှာ ဆုမဲပေါင်း တစ်သိန်းသုံးသောင်း ကျော် ခွဲဝေချီးမြှင့်ခဲ့ရာ ဆုမဲတစ်သောင်းလေးထောင်နီးပါးကို ထုတ်ယူရန် တောင်းခံတာမရှိသေးဘူးလို ဆိုပါတယ်။ လာရောက်ထုတ်ယူခြင်းမရှိတဲ့ ဆုမဲတွေ ထဲမှာ ကျပ်သိန်း ၅၀၀ တစ်ဆု၊ ကျပ်သိန်း ၂၀၀ နှစ်ဆု၊ ကျပ်သိန်း ၁၀၀ တစ်ဆု၊ ကျပ်သိန်း ၅၀ နှစ်ဆု၊ ကျပ်သိန်း ၂၀ သုံးဆု နဲ့ ကျပ် ၁၀ သိန်း နှစ်ဆု ပါဝင်နေတာ ဖြစ်ပါတယ်။

ဆုမဲလက်မှတ်တွေကို လာမယ့် ဇွန်လ ၂၈ ရက်အထိ ရန်ကုန်မြိုနဲ့ မန္တလေးမြို့တို့မှာရှိတဲ့ အောင်ဘာလေ သိန်းဆုဌာနခွဲရုံးတွေမှာ တင်ပြကာ ဆုငွေများကို တောင်းခံနိုင်ပြီး အဆိုပါရက်အထိ လာရောက်ထုတ်ယူခြင်းမရှိရင် အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ