အယ်လ်ဗာရက် ကို ခေါ်ယူမယ်ဆိုတဲ့ အက်သလက်တီကိုအသင်း


(အားကစား) ဇွန် ၉

လာလီဂါ ထိပ်တန်းကလပ်အသင်းကြီးတစ်သင်းဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းက မန်စီးတီး အသင်းမှာ ပုံမှန်ကစားခွင့်မရဖြစ်နေတဲ့ အာဂျင်တီးနား လူငယ်ကြယ်ပွင့်တိုက်စစ်မှူး ဟူလီယန် အယ်လ်ဗာရက်ဇ် ကို ခေါ်ယူလိုနေကြောင်း သိရပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းမှာ အာဂျင်တီးနားလက်ရွေးစင် ကစားသမားများဖြစ်တဲ့ မိုလီနာ၊ ဒီပေါလ် နဲ့ အန်ဟယ်လ်ကော်ရီယာ တို့ ရှိနေတာ ဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းက အဆိုပါ ကစားသမားများ ထံမှတစ်ဆင့် အယ်လ်ဗာရက်ဇ် ကို စည်းရုံးလျက်ရှိကြောင်းလည်း သိရပါတယ်။

အယ်လ်ဗာရက်ဇ် က မန်စီးတီးအသင်းနဲ့အတူ တစ်ရာသီအတွင်း ဖလား(၃)လုံးအောင်မြင်မှုကို ဆွတ်ခူး ခဲ့တဲ့ ၂၀၂၂-၂၃ ရာသီမှာ အသင်းရဲ့အဓိက ကစားသမား တစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

သိုသော် အယ်လ်ဗာရက်ဇ် အနေဖြင့် ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ ပွဲထွက်ကစားခွင့် နည်းပါးခဲ့ပြီး အသင်းရဲ့ အဓိကပွဲစဉ်များတွင်လည်း အရန်ကစားသမား အဖြစ်သာ တောက်လျှောက်နေရာရခဲ့တဲ့အတွက် မပျော်မရွှင် ဖြစ်နေကြောင်း သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ