အစ္စရေး အား တိုက်ခိုက်ရာတွင် ဟားမတ်စ် စစ်သွေးကြွအဖွဲက နည်းဗျူဟာ အပြောင်းအလဲပြုလုပ်လာ


(နိုင်ငံတကာ) ဇွန် ၈

ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ် စစ်သွေးကြွအဖွဲ့သည် အစ္စရေးစစ်ဘက်အား တိုက်ခိုက်ရာတွင် နည်းဗျူဟာအပြောင်းအလဲလုပ်ဆောင်၍ တိုက်ခိုက်လာကြောင်း အမေရိကန်နှင့် အစ္စရေးအရာရှိများက ပြောသည်။

အစ္စရေးစစ်ဘက်၏ ရှစ်လအတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း ဟားမတ်စ်အဖွဲ့မှ တပ်ဖွဲ့ဝင်ထက်ဝက် ခန့် သေဆုံးပြီးနောက်ပိုင်းတွင် အဆိုပါစစ်သွေးကြွအဖွဲ့သည် အစ္စရေးစစ်ဘက်က ဂါဇာကမ်းမြောင်ဒေသအား ထိန်းချုပ်ရာတွင် အခက်အခဲဖြစ်စေရန်အတွက် ပစ်ပြေးနည်းဗျူဟာကို အသုံးပြုလာခြင်းဖြစ်သည်။

ဂါဇာ ကမ်းမြောင်ဒေသကို ထိန်းချုပ်ထားသည့် ဟားမတ်စ်အဖွဲ့သည် လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲမတိုင်မီက အင်အား ၂၀,၀၀၀ မှ ၂၅,၀၀၀ အထိ ရှိခဲ့သော်လည်း လက်ရှိတွင် တပ်ဖွဲဝင် ၉,၀၀၀ မှ ၁၂,၀၀၀ ခန့်သာ ကျန်ရှိတော့ကြောင်း အမေရိကန်အရာရှိ သုံးဦးက ပြောသည်။

လက်ရှိ ဂါဇာစစ်ပွဲအတွင်း အစ္စရေးနိုင်ငံသည် တပ်ဖွဲ့ဝင် ၃၀၀ နီးပါး ဆုံးရှုးထားကြောင်း အစ္စရေးစစ်ဘက် က ပြောသည်။ ဟားမတ်စ် စစ်သွေးကြွအဖွဲဝင်များသည် ယခုအခါ အစ္စရေးစစ်ဘက်က လုပ်ဆောင်သည့် ရာဖာ ထိုးစစ်ဆင်မှုတွင် ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားလာခဲ့ကြပြီး အစ္စရေးတပ်ဖွဲ့ဝင်များအား ချုံခိုတိုက်ခိုက်ခြင်း၊ နောက်တန်းရှိ ပစ်မှတ်များအား လက်လုပ်ဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း စသည့်နည်းလမ်းများကို အသုံးပြု လာကြောင်း သိရသည်။

ထို့ပြင် ဟားမတ်စ်စစ်သွေးကြွအဖွဲ့ဝင် ၇,၀၀၀ မှ ၈,၀၀၀ ခန့်သည် ရာဖာထိုးစစ်ဆင်မှုတွင် အစ္စရေးတပ်များအား တိုက်ခိုက်လျက် ရှိသည်။ ဟားမတ်စ် စစ်သွေးကြွအဖွဲ့က လုပ်ဆောင်သည့် နည်းဗျူဟာ အပြောင်းအလဲများနှင့်စပ်လျဉ်း၍ ယင်းအဖွဲ့မှတစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိကြောင်း ST သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ