ယူရိုပြိုင်ပွဲရဲ့ လုံခြုံရေးကို သေချာပြင်ဆင်ထားတယ်လို့ဆိုတဲ့ ဂျာမနီ


(ပြည်တွင်း) ဇွန် ၆

ဇွန်လ ၁၄ ရက်မှာ စတင်ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ လုံခြုံရေးနဲ့ပတ်သက်လို သေချာပြင်ဆင်ထား တယ်လို ဂျာမနီပြည်ထဲရေးဝန်ကြီး ဖေဆာက ပြောကြား လိုက်ပါတယ်။

လာမယ့်ယူရိုပြိုင်ပွဲရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲမှာ ဖေဆာ က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲဟာ အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ဖြစ်လာနိုင်သလို ဆိုးသွမ်းပရိသတ်တွေ၊ ဆိုက်ဘာ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုတဲ့ သုံးသပ်ချက် တွေလည်း ရှိနေတာဖြစ်ပါတယ်။

ဂျာမနီအနေနဲ့ ယူရိုပြိုင်ပွဲကို လုံခြုံရေးအရ စိတ်ချရတဲ့ပြိုင်ပွဲတစ်ခု ဖြစ်လာစေဖို့အတွက် အကုန်လုံး စီစဉ်ထားသလို အရေးပေါ်အခြေအနေနဲ့ ရင်ဆိုင်ရရင် လည်း လုံခြုံရေးစနစ်တွေကို အသုံးပြုဖို့ အဆင်သင့် ပြင်ဆင်ထားတယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောသွားခဲ့ပါတယ်။

မြူးနစ်မြို့မှာ ဇွန်လ ၁၄ ရက်ကစပြီး တစ်လကြာ ကျင်းပမယ့် ယူရိုပြိုင်ပွဲကို လာရောက်အားပေးကြမယ့် ပြည်ပပရိသတ်တွေအနေနဲ့လည်း စိတ်ချလုံခြုံမှု အပြည့်နဲ့ လာရောက်အားပေးနိုင်ပါတယ်လို့လည်း ပြည်ထဲရေးဝန်ကြီးက ကတိပေးသွားခဲ့ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ