မြန်မာနိုင်ငံအတွင်း အင်တာနက် ဖြတ်တောက်ခံရတဲ့နေရာ ၂၇၉ ခုအထိရှိလာ


(ပြည်တွင်း) ဇွန် ၈

မြန်မာနိုင်ငံတဝန်းမှာ အင်တာနက်ဖြတ်တောက်ခံထားရတဲ့နေရာ ၂၇၉ ခုအထိရှိလာတယ်လို့ Myanmar Internet Project ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး လက်ရှိအချိန်အထိ နယ်မြေ မတည်မငြိမ်မှုများနဲ့အတူ အင်တာနက်ဖြတ်တောက်ခံရမှုများ ရှိနေတာဖြစ်ပါတယ်။အင်တာနက် ဖြတ်တောက်ခံထားရမှုများအနက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အများဆုံးဖြစ်ပြီး ၈၅ နေရာအထိရှိကြောင်း ထုတ်ပြန်ထားပါတယ်။
ဒုတိယအများဆုံးမှာ ကချင်ပြည်နယ်ဖြစ်ပြီး ၃၁ နေရာ၊ တတိယအများဆုံးမှာ ချင်းပြည်နယ်ဖြစ်ကာ ၂၄ နေရာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။အင်တာနက် ဖြတ်တောက်ခံရမှုနေရာများတွင် နေပြည်တော်ကောင်စီနယ်မြေကလွဲပြီး ရန်ကုန်တိုင်း ဒေသကြီးအပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၄ ခုက ဒေသအချို့လည်းပါဝင်နေတယ်လို့ သိရပါတယ်။
ယခုအခါ မြန်မာနိုင်ငံအတွင်း VPN အသုံးပြုမှုကိုလည်း မေလကုန်ပိုင်းကစပြီး ကန့်သတ်မှုများရှိနေတယ်လို့ Myanmar Internet Project ရဲ့ ရေးသားဖော်ပြချက်အရ သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ