ဘင်းမ်စတက်ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ် တည်ထောင်မှု (၂၇)နှစ်မြောက် အထိမ်းအမှတ်နေ့ အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌက သဝဏ်လွှာပေးပို့


ဇွန် ၈

၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် ကျရောက်သည့် ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (ဘင်းမ်စတက်) တည်ထောင်မှု (၂၇)နှစ်မြောက် အထိမ်းအမှတ်နေ့ အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါသည်။

အဆိုပါသဝဏ်လွှာအား အခြားသော ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံ့ခေါင်းဆောင်များ၏ သဝဏ်လွှာများနှင့်အတူ ဘင်းမ်စတက် အတွင်းရေးမှူးရုံး၏ တရားဝင် ဝက်ဘ်ဆိုက်၌ လွှင့်တင်ထားရှိပါသည်။

Telegram>>…
https://t.me/positiveanglenews

PAN

#SZ