နေတိုးတပ်ဖွဲအား တိုက်ခိုက်ရန် စီစဉ်နေသည်ဟူသော ပြောဆိုချက်မှာ အဓိပ္ပါယ်မရှိဟု ပူတင်ပြော


(နိုင်ငံတကာ) ဇွန် ၈

ရုရှားနိုင်ငံ က နေတိုးတပ်ဖွဲ့အား တိုက်ခိုက်ရန်စီစဉ်နေသည်ဟူသော ပြောဆိုချက်သည် အဓိပ္ပါယ် မရှိသော ပြောဆိုမှုဖြစ်ပြီး အနောက်နိုင်ငံများ၏အကြောက်တရားကို ထိန်းသိမ်းလိုသည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင် က ပြောကြားခဲ့သည်။

ရုရှား က နေတိုးတပ်ဖွဲ့အား တိုက်ခိုက်ရန် စီစဉ်နေသည်ဟူသော ပြောဆိုချက်သည် အနောက်နိုင်ငံများက လုပ်ကြံဇာတ်လမ်းများကိုတီထွင်ပြီး ၎င်းတို့၏နိုင်ငံသားများအား လှည့်စားနေခြင်းသာ ဖြစ်ကြောင်း ပူတင်က စိန့်ပီတာစဘာ့ဂ်မြိုတွင် ဇွန်လ ၅ ရက်၌ ကျင်းပသည့် နိုင်ငံတကာ စီးပွားရေးဖိုရမ်၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် ပြောကြားခြင်းဖြစ်သည်။

လက်ရှိဖြစ်ပွားနေသည့် ယူကရိန်းပဋိပက္ခ၏ အဓိကအရင်းအမြစ်မှာ ယူကရိန်းအစိုးရ၏လုပ်ဆောင်ချက် များကို အမေရိကန်ကထောက်ခံအားပေးနေခြင်းကြောင့်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် ဥရောပအား ကျူးကျော် ရန် ရည်ရွယ်ချက် မရှိကြောင်း ပူတင်က ဆက်လက်ပြောကြားသည်။

ထိုပြင် ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံ က အနောက်နိုင်ငံအား ထောက်ပံ့နေသည့် နိုင်ငံများအား တန်ပြန်ရန်အတွက် အချိုးမညီလက်နက်စနစ်များကို အသုံးပြုရန် စဉ်းစားလျက်ရှိကြောင်း ရုရှားသမ္မတ ပူတင် က အစောပိုင်းတွင် ပြောကြားခဲ့ကြောင်း RT သတင်းဌာန တွင် ဖော်ပြထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ