UNOCHA နှင့် မြန်မာ ပူးပေါင်းဆောင်ရွက်နေမှုများဆွေးနွေး


(ပြည်တွင်း) ဇွန် ၇

မြန်မာအစိုးရနှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိင်းရေးရုံး (UNOCHA) တိုအကြား လတ်တလော ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်သည် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိင်းရေးရုံး (UNOCHA)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Sajjad Moham mad Sajid ကို ဇွန်လ ၄ ရက်၊ နံနက် ၁၀ နာရီမှာ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

တွေ့ဆုံစဉ် မြန်မာအစိုးရနှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိင်းရေးရုံး (UNOCHA) တိုအကြား လတ်တလော ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ