အမေရိကန် ဗုံးကြဲလေယာဥ် ကိုရီးယားကျွန်းဆွယ်ပေါ်ဖြတ်ကျော်ပျံသန်း


(နိုင်ငံတကာ)ဇွန် ၇
အမေရိကန်စစ်တပ်၏ ဗျူဟာမြောက်ဗုံးကြဲလေယာဥ် B-1B သည် ကိုရီးယားကျွန်းဆွယ်ပေါ်သို့ ဇွန်လ ၅ ရက်နေ့က ဖြတ်ကျော်ပျံသန်းခဲ့ကြောင်းသိရသည်။
အမေရိကန်သည် တောင်ကိုရီးယား လေတပ်နှင့်အတူ စစ်ရေးလေ့ကျင့်သည်ဟုဆိုကာ တောင်ကိုးရီးယား၏ F-F15K တိုက်လေယာဥ် ၂ စီးနှင့် ယခုကဲ့သို့ ဖြတ်ကျော်ပျံသန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါလေ့ကျင့်မှုသည် ၎င်းတို့ မဟာမိတ်တပ်ဖွဲ့များ၏ ပတ်ဝန်းကျင်ရှိ ပစ်မှတ်များအာ တစ်ပြိုင်နက် တိုက်ခိုက်နိုင်သည့် စွမ်းဆောင်ရည်အား ပြသခြင်းဖြစ်ကြောင်း အမေရိကန် ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး David Iversonမှ ကြွေးကြော်ထားသည်။
ယခုလေ့ကျင့်မှုမှာ တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံအကြား တင်းမာမှုများဖြစ်ပေါ်နေစဥ် ရုတ်တရက် လုပ်ဆောင်လာခြင်းဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံအား သတိပေးလုပ်ဆောင်ခြင်းဖြစ်ကြောင်း စစ်ရေးအကဲခတ်များ သုံးသပ်ထားသည်။

#PAN

#AMK