အမိုးပေါ်ရှိ ဆိုင်းဘုတ်ကိုတက်ဖြုတ်ရာမှ ဆေးဆိုင်ဝန်ထမ်း ဓာတ်လိုက်သေဆုံး


(မှုခင်း) ဇွန် ၇
ရန်ကုန်တိုင်းဒေသကြီး မဂ်လာဒုံမြို့နယ် သဃ်န်းကျွန်းကြီးကျေးရွာအုပ်စု သစ်ဆိမ့်ကုန်းကျေးရွာ ဧရာဝတီလမ်းထိပ်တွင်ဖွင့်လှစ်ထားသည့် အားသစ်ဆေးဆိုင်၏အမိုးပေါ်တွင် ယနေ့ နံနက်ပိုင်း၌ လူတစ်ဦးဓာတ်လိုက်သေဆုံးခဲ့ကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။
ယနေ့ ဇွန်လ ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆေးဆိုင်၏ ဆိုင်းဘုတ်အား ဆေးဝန်ထမ်းတစ်ဦးမှတက်ဖြုတ်စဉ် ယခုကဲ့သို့ ဓာတ်လိုက်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“ဆေးဆိုင်က မြောက်ဒဂုံကို ပြောင်းတော့မှာဆိုတော့ ဆိုင်ဝန်ထမ်းပဲတက်ဖြုတ်တာ မိုးကရွာထားပြီးတာမကြာသေးဘူးဆိုတော့ မီးကြိုးပေါက်နေတာမသိဘူးနေမှာ မီးကြိုးနဲ့ထိမိပြီး ဓာတ်လိုက်တာ” လို့ ဒေသခံတစ်ဦးမှ PAN ကို ပြောသည်။
အားသစ်ဆေးဆိုင်သည် မြောက်ဒဂုံသို့ ပြောင်းရွှေ့မည်ဖြစ်သဖြင့် ၄င်းဆေးဆိုင်ဝန်ထမ်းတစ်ဦးမှ အမိုးပေါ်ရှိ ဆိုင်းဘုတ်အား တက်ဖြုတ်စဉ် မီးကြိုးနှင့်ထိမိပြီး ဓာတ်လိုက်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူမှာ မောင်ရဲလင်းထက် (၂၃) နှစ်သည် ယောမင်းကြီးလမ်း ဆောက်လုပ်ရေးဝန်ထမ်းအိမ်ယာ လှိုင်မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ၄င်း၏လည်ဂုတ်တွင် ဓာတ်လိုက်မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#PAN

#GE