သထုံမြို့နယ်၊ ဇရပ်ကျွန်ကျေးရွာလမ်းဆုံအနီး ၁၂ ဘီးကားယာဉ် ၁ စီး မိုင်းခွဲခံရပြီး ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်ပျောက်ဆုံးလျှက်ရှိ


(ပြည်တွင်း)ဇွန် ၇

ယနေ့ နံနက် ၄ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ဇရပ်ကျွန်ကျေးရွာလမ်းဆုံအနီးတွင် ၁၂ ဘီးကားယာဉ် ၁ စီး မိုင်းခွဲခံရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်- မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် ၁၃၄ (၄/၅) အကြားတွင် သထုံမြို့ဘက်မှဘီးလင်းဘက်သို့ မောင်းနှင်လာသော ၁၂ ဘီး မော်တော်ယာဥ်အမှတ် 6/C 4346 ကို KNUနှင့်အကြမ်းဖက် PDFအဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခြင်းခံခဲ့ရကြောင်းသိရသည်။

အဆိုပါမိုင်းခွဲခံရသောနေရာသို့ လုံခြုံရေးအဖွဲ့ဝင်များသွားရောက်စစ်‌ဆေးရာ ၁၂ ဘီးယာဉ်သည် ပဲအိတ်များတင်ဆောင်လာသော HYUNDAI အမျိုးအစား 6/C 4346 (၁၂) ဘီးယာဥ်ဖြစ်ပြီး မိုင်းခွဲခံရ၍ ကား၏ဦးခေါင်းပိုင်း မီးလောင်ကျွမ်းသွားပြီး၊ ယာဥ်မောင်းနှင့်ယာဥ်နောက်လိုက်ကို ရှာဖွေတွေ့ရှိခြင်းမရှိကြောင်းသိရှိရသည်။

မွန်ပြည်နယ်တွင် နေ့စဉ်ရက်ဆက်ဆိုသကဲ့သို့ အကြမ်းဖက်KNU/PDFပူးပေါင်းအဖွဲ့မှ လမ်းတံတားများမိုင်းခွဲဖျက်ဆီးခြင်း၊လုံခြုံရေးအဖွဲ့ဝင်ဂိတ်များကို ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများကို ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်ခြင်းများ အကြိမ်ကြိမ်ပြုလုပ်၍ လုပ်‌ဆောင်လာသည်ကို နေ့စဉ်မြေပြင်သတင်းများအရ သိရှိရသည်။

#PAN

#GE