ရန်ကုန်မြို့ရှိ ထိုင်းသံရုံးမှာ ရွှေ့ပြောင်းလုပ်သားဗီဇာ လျှောက်ထားနိုင်


(ပြည်တွင်း) ဇွန် ၇

ရန်ကုန်မြို့ရှိ၊ ထိုင်းသံရုံးမှာ ရွှေ့ပြောင်းလုပ်သား ဗီဇာလျှောက်ထားနိုင်ပြီး Non-LA Visa များကို တစ်နေ့ အယောက် ၄၀၀ နှုန်းနဲ့ လျှောက်ထားနိုင်ကြောင်း ရန်ကုန်မြို့ရှိ ထိုင်းသံရုံးမှ အသိပေး ထားပါတယ်။

MoU ကုမ္ပဏီများအနေနဲ့ သံရုံး website မှတစ်ဆင့် ဘွတ်ကင်ယူပြီးမှသာ လျှောက်ထားနိုင်ပြီး ဗီဇာ လျှောက်ထားခြင်းလုပ်ငန်းစဉ်သည် အစိုးရရုံးဖွင့်ရက် ၃ ရက်ခန့်ကြာမြင့်မှာဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ဗီဇာ လျှောက်ထားရာမှာ လျှောက်ထားသူများအနေဖြင့် ချမှတ်ထားသော စည်းမျဉ်းများအတိုင်း လိုက်နာလျှောက်ထား စေလိုကြောင်း အသိပေးထားပါတယ်။

လျှောက်ထားသူများအနေနဲ့ လိုအပ်တဲ့အချက်အလက်များကို သံရုံး website မှတစ်ဆင့် ဘွတ်ကင်တင်ခြင်း၊ မိမိရရှိတဲ့ရက်ချိန်းအတိုင်း သံရုံးသိုဗီဇာလာရောက်လျှောက်ထားရန်၊ လျှောက်ထားဗီဇာရရှိပြီးပါက မိမိကိုယ်ရေး ကိုယ်တာအချက်အလက်များကို ဗီဇာစာမျက်နှာပေါ်မှာ မှန်/မမှန်သေချာစစ်ဆေးရန်နှင့် မှန်ကန်သော လေကြောင်း လက်မှတ်ဝယ်ယူခြင်း ပြုလုပ်ရန်တို့ဖြစ်ကြောင်း သိရပါတယ်။

ရွှေ့ပြောင်းလုပ်သား (Non-LA Visa)က ဗီဇာရရှိပြီးချိန်မှ ရက်ပေါင်း ၉၀ အတွင်းအကျုံးဝင်တာကြောင့် MoU ကုမ္ပဏီများအနေနဲ့ ထွက်ခွာရန်လိုအပ်သော အခြားပြင်ဆင်မှုများကို ၎င်းအချိန်တွင်း ပြင်ဆင်နိုင်ကြောင်း သိရပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ရွှေ့ပြောင်းလုပ်သားဗီဇာများကို နေထိုင်ခွင့် ၂ နှစ်ကို အခကြေးငွေထပ်မံကောက်ခံခြင်းမရှိဘဲ စတင်ဝင်ရောက်တဲ့နေ့မှစ၍ ခွင့်ပြုပေးထားပြီး မိမိရဲ့ လိုအပ်ချက်နှင့် ပေါ့လျော့မှုများကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲပြသနာများကို သံရုံးမှတာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ကြောင်း အသိပေးထားပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ