ယူကရိန်းသို့ စစ်ရေးအကြံပေးများ စေလွှတ်မည်မဟုတ်ဟု အမေရိကန်ပြော


(နိုင်ငံတကာ) ဇွန် ၇

အမေရိကန်အနေဖြင့် ယူကရိန်းသို စစ်ရေးအကြံပေးများ စေလွှတ်မည်မဟုတ်ကြောင်း အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးတစ်ဦးကပြောသည်။

ယခင်က အတည်ပြုပြောကြားထားခဲ့သည့်အတိုင်း အမေရိကန်အစိုးရက ၎င်းတို့၏ စစ်ရေးအကြံပေးများနှင့် စစ်ရေးနည်းပြများကို ယူကရိန်းသို့ စေလွှတ်ရန် စီစဉ်ထား ခြင်းမရှိကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန် က ဇွန်လ ၄ ရက်က သတင်းထောက်များ၏ မေးမြန်းချက်ကိုဖြေကြားစဉ် ပြောကြားခြင်းဖြစ်သည်။

အမေရိကန်အစိုးရသည် ယူကရိန်းစစ်သည်များအား ယူကရိန်းနိုင်ငံပြင်ပတွင် လေ့ကျင့်သင်ကြားပေးရန် ကမ်းလှမ်းခဲ့ကြောင်း၊ ထိုသို့သော လေ့ကျင့်သင်ကြားမှုမျိုးကို ဂျာမနီနိုင်ငံတွင် လုပ်ဆောင်လျက်ရှိပြီး ယင်းနိုင်ငံအတွင်း၌ ယူကရိန်းစစ်သည် ထောင်ပေါင်းများစွာအား အနောက်နိုင်ငံထုတ် စစ်လက်နက်များအား ကိုင်တွယ်အသုံးပြုမှုနှင့်စပ်လျဉ်း၍ လေ့ကျင့်ပေးလျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ထိုသို့သော လေ့ကျင့်သင်ကြားမှုများကို တိုးမြှင့်လုပ်ဆောင်ရန် အသင့်ရှိကြောင်း ဂျိတ်ဆူလီဗန် က ဆက်လက်ပြောကြားသည်။

အမေရိကန်အစိုးရသည် ယူကရိန်းစစ်သည်များ အား လေ့ကျင့်သင်ကြားပေးနေသည့်အပြင် ယူကရိန်းနိုင်ငံသို ဘီလီယံပေါင်းများစွာ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်း များကိုပါ ထောက်ပံ့ပေးလျက် ရှိကြောင်းသိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ