ယူကရိန်းရှိ ပြင်သစ်နည်းပြများ ရုရှားအတွက် တရားဝင်ပစ်မှတ်များ ဖြစ်လာမည်ဟု လက်ရော့ ပြော


(နိုင်ငံတကာ) ဇွန် ၇

ယူကရိန်းနိုင်ငံအတွင်းရှိ ပြင်သစ်စစ်ရေးနည်းပြများသည် ရုရှားတပ်ဖွဲဝင်များအတွက် တရားဝင်ပစ်မှတ် များ ဖြစ်လာမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ က ပြောသည်။

ပြင်သစ်စစ်ရေး နည်းပြများအား နိုင်ငံအတွင်းသိုလာရောက်၍ ယူကရိန်းစစ်သည်များအား လေ့ကျင့်သင်ကြားပေးရန် ခွင့်ပြုမည့် အစီအစဉ်ကို လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း ယူကရိန်းအစိုးရက ပြောကြားပြီးနောက်ပိုင်းတွင် လက်ရော့ က ဇွန်လ ၅ ရက် တွင် ကွန်ဂိုသမ္မတနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ရင်းကလောက် ဂါကော့ဆို နှင့်ပူးတွဲကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခြင်းဖြစ်သည်။

ယူကရိန်းစစ်သည်များအား လေ့ကျင့်သင်ကြားပေးမည့် ပြင်သစ်စစ်ရေးနည်းပြများသည် ယူကရိန်းနိုင်ငံသို ရောက်ရှိနေပြီဟု ယူဆရကြောင်း၊ ၎င်းပြင်သစ်နည်းပြများ သိုမဟုတ် ကြေးစားစစ်သည် များသည် ရုရှားလက်နက် ကိုင်တပ်ဖွဲအတွက် တရားဝင်ပစ်မှတ်များပင်ဖြစ်ကြောင်း လက်ရော့ က ဆက်ပြောသည်။

လက်ရော့ ၏ အဆိုပါ ပြောကြားချက်နှင့် စပ်လျဉ်း၍ ပြင်သစ်အစိုးရက တစ်စုံတစ်ရာထုတ်ပြန်မည်မဟုတ်ကြောင်း ပြောကြားခဲ့‌သော် လည်း လက်ရှိတွင် ယူကရိန်းနယ်မြေအတွင်းသို့ ပြင်သစ်နည်းပြများရောက်ရှိနေသည်ဟူသော အထောက်အထား မရှိကြောင်း တုံပြန်ပြောကြားထားသည်။

ရုရှားစစ်ဘက်သည် လက်ရှိတွင် ယူကရိန်းနယ်မြေ စုစုပေါင်း၏ ၁၈ ရာခိုင်နှုန်းကို ထိန်းချုပ်ထားကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ