ယနေ့အထိ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း ၅၅၃၇ ဦးအား ခွင့်ပြုပေးခဲ့ဟု ပြန်ကြားရေးဝန်ကြီးဌာနပြော


(ပြည်တွင်း) ဇွန် ၇
ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများနှင့်အညီ စိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

ထိုသိုဆောင်ရွက်ပေးလျက်ရှိရာ ၄-၆-၂၀၂၄ ရက်နေ့က ပြုလုပ်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးတွင် ၂၆-၂-၂၀၂၄ ရက်နေ့မှ ၁၇-၅-၂၀၂၄ ရက်နေ့အထိ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာသည့် ထုတ်ဝေခြင်းလုပ်ငန်းအတွက် အသစ်လျှောက်ထားသူ ဂျာနယ်တစ်ဦး၊ မဂ္ဂဇင်းနှစ်ဦးနှင့် အထွေထွေ ၃၂ ဦး ပေါင်း ၃၅ ဦးကိုလည်းကောင်း၊ သတင်းအေဂျင်စီလုပ်ငန်း လျှောက်ထားသူ တစ်ဦးကိုလည်းကောင်း အသိအမှတ်ပြုလက်မှတ်များထုတ်ပေးရန် ခွင့်ပြုပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာ နထံမှ သိရသည်။

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများပြဋ္ဌာန်းသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှ စ၍ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၆၉၈ ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း ၃၄၃၀ ဦးနှင့် သတင်း အေဂျင်စီလုပ်ငန်း ၄၀၉ ဦး စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း ၅၅၃၇ ဦးအား အသိအမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ပြောသည်။

#PAN

#AMH