ပဲခူးမြို့တွင် လင်မယား နှစ်ဦးသတ်ဖြတ်ခံရပြီး တရားခံထွက်ပြေးတိမ်းရှောင်နေ


(ပြည်တွင်း) ဇွန် ၇

ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကမာနတ်ကျေးရွာနေသူ ဦးမွန်ကြီး(ခ)ဦးဟန်စိုးသည် ၎င်းအိမ်နှင့် ဘေးချင်းကပ်ရပ်အိမ်တွင် နေထိုင်သော စောမြတ်ကျော်(ခ)ရေခဲနှင့် မိုးဟန်(ခ) မိုးမိုးဟန်တို့လင်မယား ၂ ဦးနေအိမ်မှ လုံးထွေးသံများကြားရပြီး အော်ခေါ်သော်လည်း ပြန်ထူးသံမကြားသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ နေအိမ်တံခါးမမှာ ပိတ်ထားသည်ကို တွေ့ရှိခဲ့ သဖြင့် ၎င်းတို့ လင်မယား၏ အမဖြစ်သူ ဒေါ်တင်မူ(ခ)တင်တင်မူ၊ ကမာနတ်ကျေးရွာနေသူအား သွားရောက်အကြောင်းကြားခဲ့ပြီး အိမ်တံခါးအားဖျက်၍ အိမ်ထဲသို့ ဝင်လိုက်စဉ် လှေကားခြေရင်း တွင် စောမြတ်ကျော်(ခ)ရေခဲ (၃၆)နှစ်သည် ဝဲပေါင်ပြတ်ရှဒဏ်ရာ၊ ဝဲနံဘေးထိုးသွင်းဒဏ်ရာ၊ ယာနံဘေး ပြတ်ရှဒဏ်ရာ၊ ဝဲလက်ဖျံပြတ်ရှဒဏ်ရာ၊ ဂုတ်ပြတ်ရှဒဏ်ရာတို့ဖြင့် ပက်လက်အနေအထား ဖြင့်လည်းကောင်း၊ မမိုးဟန်(ခ)မိုးမိုးဟန်၊ ၃၄နှ စ်သည် ဝဲလက်မောင်းပြတ်ရှဒဏ်ရာ၊ ယာဒူးဘေး ပြတ်ရှဒဏ်ရာ၊ ဝဲရင်အုံထိုးသွင်းဒဏ်ရာတို့ဖြင့် ထိုင်လျှက် သွေးအိုင်ထဲတွင်သေဆုံးနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဥ်မှာယမန်နေ့ ညပိုင်းက အသတ်ခံရသူ လင်မယား၏နေအိမ်တွင် တရားခံသည် အမျိုးသား ၃ ဦး အမျိုးသမီး ၁ ဦးတို့နှင့်အတူ ဖဲရိုက်ခဲ့ကြပြီး နံနက်ပိုင်းအချိန်တွင် အိမ်နောက်ဖေးအပေါက်မှ ပြန်လည်ရောက်ရှိလာကာလင်မယား ၂ ဦးစလုံးအား သတ်၍ အိမ်အပေါ်ထပ်ရှိ ပြူတင်းပေါက်မှတဆင့် ထွက်ပြေးသွားခဲ့ကြောင်း မျက်မြင်သက်သေများ၏ သိရှိရသည်။

#PAN

#SZ