အနောက်နိုင်ငံတွေရဲ့ ရန်သူတွေကို လက်နက်တပ်ဆင်ပေးနိုင်ကြောင်း ပူတင်သတိပေး


(နိုင်ငံတကာ) ဇွန် ၆

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယူကရိန်အား လက်နက်ထောက်ပံ့ပေးနေသည့် အနောက်နိုင်ငံများ၏ ရန်သူများအား လက်နက်တပ်ဆင်ပေးနိုင်ကြောင်း သတိပေးလိုက်သည်။

ယူကရိန်းသို့ အနောက်နိုင်ငံများက လက်နက်များ တပ်ဆင်ပေးပြီး သမ္မတဘိုင်ဒန်၏ ရုရှားနိုင်ငံအတွင်းသို့ ပစ်ခတ်ခွင့်ပြုပြီးနောက် သမ္မတပူတင်မှ ယခုလို သတိပေးခဲ့ခြင်းဖြစ်သည်။

ယူကရိန်းပဋိပက္ခတွင် အနောက်နိုင်ငံများမှ လက်နက်များပေးရုံမက စစ်ပွဲနှင့်ပတ်သက်၍ တိုက်ရိုက်ပါဝင်ပတ်သက်နေပါက ရုရှားနိုင်ငံမှ လက်တုံ့ပြန်နိုင်ကြောင်း ပူတင်က သတိပေးထားသည်။

ယူကရိန်းစစ်တပ်သည် ရုရှားပိုင်နက်အတွင်းရှိ လေကြောင်းရန်ကာကွယ်ရေး စနစ်တစ်ခုဖြစ်သည် S-300 ကို ကနဦးတိုက်ခိုက်ခဲ့ပြီးနောက် လက်နက်သိုလှောင်ရုံများနှင့် အခြားပစ်မှတ်များအား တိုက်ခိုက်ရန် အမေရိကန်နိုင်ငံမှ HIMARS ဒုံးပျံများ စတင်အသုံးပြုနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ