တောင်စွန်းလျှပ်စစ်ရုံး လုံခြုံရေးတာဝန်ကျ ရဲတပ်ကြပ်ကြီး ၁ ဦး နေ့အိမ်သို့ ထမင်းပြန်စားစဉ် ပစ်ခတ်ခံရ


(မှုခင်း) ဇွန် ၆

ယနေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ဘီးလင်းမြို့နယ်၊ ယွန်းဒလင်းကုန်းကျေးရွာအုပ်စု၊ ယွန်းဒလင်းကုန်းကျေးရွာ လမ်းဆုံအနီးတွင် ရဲတပ်ကြပ်ကြီး ၁ ဦးပစ်ခတ်ခံရကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ခံရသော ရဲတပ်ကြပ်ကြီး ဦးတင်လှသည် တောင်စွန်းလျှပ်စစ်ရုံးလုံခြုံရေးတာဝန် ထမ်းဆောင်နေသူဖြစ်ပြီး ၎င်းတာဝန်ကျသည့်နေရာမှ နေအိမ်သို့ ထမင်းစားပြန်ရန် ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ယွန်းဒလင်းကုန်းကျေးရွာ လမ်းဆုံအနီးအရောက်တွင် အကြမ်းဖက်သောင်းကြမ်းသူ PDF(စိစစ်ဆဲ)အဖွဲ့မှ လက်နက်ငယ်ဖြင့် ပစ်ခတ်သွားကြောင်းသိရပြီး အခင်းဖြစ်နေရာသို့ လုံခြုံးရေးအဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးလျှက်ရှိနေကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ