သတ်မှတ်ဈေးဖြင့် မရောင်းသည့် ရွှေဆိုင်များကို ထိရောက်စွာ အရေးယူမည်


(စီးပွားရေး) ဇွန် ၅

သက်ဆိုင်ရာမှ ဝင်ရောက်စစ်ဆေးချိန် သတ်မှတ်ဈေးဖြင့် မရောင်းချပါက ထိရောက်စွာ အရေးယူခံရမည်ဖြစ်ပြီး ရွှေဆိုင်များကို နေ့စဉ်ဖွင့်လှစ်ရမည်ဖြစ်သည်ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း(YGEA) က ထုတ်ပြန်ထားသည်။

ရွှေဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဆိုင်များကို ဖွင့်လှစ်ရောင်းချရန်လိုအပ်ပြီး သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းများကို ဆောင်ရွက်ပေးကြပါရန် YGEA က ထုတ်ပြန်ထားသည်။
သက်ဆိုင်ရာမှ လာရောက်စစ်ဆေးသည့်အခါတွင် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ကြိုတင်အသိပေးအကြောင်းကြားအပ်သည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။

YGEA အနေဖြင့် ရွှေဈေးနှုန်းကို တစ်ရက်လျှင် သုံးကြိမ်ထုတ်ပြန်ပေးလျက်ရှိပြီး ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ အနေဖြင့် ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ပြောသည်။ ဇွန် ၅ ရက်တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ မီးလင်းရွှေတကျပ်သား သတ်မှတ်ဈေးနှုန်းမှာ ၄၈ သိန်း တစ်သောင်းငါးထောင်ဖြစ်သည်။

ဇွန် ၄ ရက်က ထုတ်ပြန်ခဲ့သည့်ဈေးနှုန်းမှာ ကျပ်လေးဆယ့်ရှစ်သိန်း ခုနစ်သောင်းတစ်ရာအဖြစ် သတ်မှတ်ထားရာ တစ်ကျပ်သားလျှင် ကျပ်ခြောက်သောင်းကျော် ကျဆင်းလာခြင်းဖြစ်သည်။
နေ့စဉ် သတ်မှတ်ထားသည့်ဈေးနှုန်းဖြင့် ရွှေဆိုင်များ၊ ရွှေလုပ်ငန်းရှင်များအားလုံး အ‌ရောင်းအဝယ်ပြုလုပ်ကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။

အဆိုပါဈေးနှုန်းမှာ AD လိုင်စင်ရဘဏ်များအကြား Online Trading ဒေါ်လာလဲလှယ်နှုန်းဖြင့် သတ်မှတ်ထားခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
လုံခြုံရေးစိတ်ချရသည့် အချိန်ရောက်ပါက မိုင်းခွဲဖျက်ဆီးခံရသည့် ကျင်သီတံတားကို သွားရောက်ပြုပြင်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက အသိပေးပြောဆိုထားသည်။

အဆိုပါ ဝန်ကြီးဌာနက ယခုရက်ပိုင်းတွင် မီဒီယာများကို အထက်ပါကဲ့သို့ အသိပေးပြောဆိုထားခြင်းမျိုးဖြစ်သည်။TNLA လက်နက်ကိုင်အဖွဲ့သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က ရှမ်းပြည်နယ် မြောက်ပိုင်းတွင်အရေးပါသည့် ကျောက်မဲနှင့် သီပေါမြို့ကြားရှိ ကျင်သီတံတားကို မိုင်းခွဲဖျက်ဆီးသွားခဲ့ရာ တံတားမှာထက်ပိုင်း ကျိုးကျပျက်စီးသွားခဲ့ပြီး ယာဉ်များဖြတ်သန်း သွားလာ၍ မရဖြစ်ခဲ့ကြောင်း သိရသည်။ သို့ရာတွင် ကျိုးကျပျက်စီးသွားခဲ့သည့် ကျင်သီ တံတားဘေးတွင် ယာယီတံတားတစ်စင်းကို TNLA လက်နက်ကိုင်အဖွဲ့က ပြန်လည်တည်ဆောက်ပေးခဲ့သော်လည်း ကားတစ်စီးသာ ဖြတ်သန်းသွားလာရ သည့်အတွက် ဒေသခံများအနေဖြင့် အလှည့်ကျ ဖြတ်သန်းနေရကြောင်း သိရသည်။

လက်ရှိတွင် မိုးတွင်းကာလရောက်ရှိလာပြီဖြစ်သည့်အတွက် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မေ ၂၈ ရက်တွင် အဆိုပါယာယီတံတားသည်လည်း တံတားအောက်ခြေတိုင်များ ယိုင်နဲ့သွားခဲ့ သဖြင့် ယာဉ်များဖြတ်သန်း သွားလာခြင်းကို ယာယီရပ်ဆိုင်းလိုက်ရကြောင်း သိရသည်။‘ အခုတော့ တံတားက ကားကြီးတွေကတော့ သွားလို့မရတော့ဘူး။ ကားလေးတွေပဲ သွားလို့ရတာပေါ့။ တစ်ဖက်ကတစ်စီးဖြတ်ရင် တစ်ဖက်ကစောင့် နေရတာ။ တံတားတိုင်က ကွန်ကရစ်ကို ကျောက်ခဲတွေဖြည့်ထားတာဆိုတော့ ရေတက်လာရင် ရွဲ့သွားတာမျိုးရှိတယ်။

ဆိုးဆိုးရွားရွားကြီး ပျက်စီးသွားတာမျိုးတော့ မရှိဘူးပေါ့။ ကားတွေကတော့ တံတားယာယီ ပိတ်ထားရင် ပိတ်မိတာတွေ ရှိတယ်။ ဒါပေမဲ့ နာရီပိုင်း လောက်ပါပဲ။ တံတားကလည်း ရေနဲ့တစ်ပြေးညီ ဆိုတော့ တိုင်ကနည်းနည်း လေးရွဲ့သွားတာမျိုး ရှိတယ်။ အရင်ကလည်း အဲဒီလိုပါပဲ မိုးနည်းနည်းကြီးရင် တိုင်ကရွဲ့သွားတယ်။ ဒါပေမဲ့ ခဏပါပဲ အကြာကြီးမဖြစ်ပါဘူး’ ဟု NP News သို့ ထုတ်ဖော်ပြောဆိုထားသည်။

ထို့ပြင် ယာယီကျင်သီတံတားအနေဖြင့် မိုးများလာနိုင်သည့်လာမည့်ဇွန်လအတွင်း တံတား နစ်မြုပ်နိုင်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများစွာဖြစ်ပေါ်လာနိုင်ကြောင်းလည်း အထက်ပါဒေသခံများက သုံးသပ်ပြောဆိုထားသည်။ “အခုတောင် အစစ အရာရာ အကုန်ဈေးတွေ တက်နေတာ။ နောက်ဆိုရင် ပိုဆိုးလာဖို့ပဲရှိတယ်။ နောက်လဆိုရင် မိုးပိုများလာရင် ရေကတက်လာ မှာလေ။ အဲဒီအချိန်ကျရင် တံတားကလည်း အခုရေနဲ့တစ်ပြေးညီထိုးတဲ့အတွက် သွားဖို့က မလွယ်တော့ဘူး။

တချို့ကျတော့လည်း စဉ်းစားတာပေါ့။ ကျိုးသွားတဲ့ တံတားပေါ်မှာပဲ ကျောက်မီးသွေး တွေ တင်ပြီးရင် အပေါ်ကနေ သစ်သားတွေခင်းပြီး ဖြတ်ကြဖို့ကိုပါ။ အဲဒါကလည်း ပြောသာပြောရတာ မလွယ်ပါဘူး” ဟု ၎င်းကဆက် လက်ပြောသည်။ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် လမ်းတံတား များကို ပြုပြင်ပေးလျက်ရှိသော်လည်း လက်နက်ကိုင် အဖွဲ့အချို့ကြောင့် လုံခြုံရေးစိတ်ချရသည့် အချိန်မှသာ ထပ်မံသွားရောက်ပြုပြင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယခုနှစ် မေလအတွင်းပင် ရန်ကုန်-မော်လမြိုင်လမ်းပေါ်ရှိ ကျုံအိတ်တံတားနှင့် မစောတံတားတို့တို့ KNU၊ PDF ပူးပေါင်းအဖွဲ့ဝင် များက မိုင်းခွဲဖျက်ဆီးမှုများပြုလုပ်ခဲ့ရာ ဒေသခံများအနေဖြင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ များစွာ ဖြစ်ပေါ်ခဲ့ရသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ လက်ရှိအချိန်ထိ နိုင်ငံတစ်ဝန်းလုံးတွင် ဖျက်ဆီး ခံထားရသည့် လမ်းတံတားနှင့် တိုးဂိတ် စုစုပေါင်း (၁၅၀ဝ)နီးပါးထိရှိပြီဖြစ်ပြီး ပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေးတွင် အခက်အခဲများစွာဖြစ်ပေါ်ခဲ့သည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ