လုံခြုံစိုက်ချရသည့်အချိန်မှ ကျင်သီတံတားအား သွားရောက်ပြုပြင်မည်


(ပြည်တွင်း) ဇွန် ၅

အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် ကျိုးကျပျက်ဆီးသွားသည့် ကျင်သီတံတားကို လုံခြုံရေးစိတ်ချရသည့် အချိန်ရောက်မှသာ သွားရောက်ပြုပြင်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက အသိပေးပြောဆိုထားသည်။

တအောင်းပလောင် သောင်းကျန်းသူများဖြစ်သည့် TNLA လက်နက်ကိုင်အဖွဲ့သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနှင့် သီပေါမြို့ကြားရှိ ကျင်သီတံတားကို မိုင်းခွဲဖျက်ဆီးသွားခဲ့ကြသည်။

သောင်းကျန်းသူများ၏ဖျက်ဆီးမှုကြောင့် တံတားမှာထက်ပိုင်း ကျိုးကျပျက်စီးသွားခဲ့ပြီး ယာဉ်များဖြတ်သန်းသွားလာ၍မရဖြစ်နေခဲ့ပြီး ၎င်းတို့မိုင်းခွဲဖြိုချခဲ့သည့် ကျင်သီ တံတားဘေးတွင် ယာယီတံတားတစ်စင်းကို TNLA လက်နက်ကိုင်အဖွဲ့က ပြန်လည်တည်ဆောက်ပေးခဲ့သော်လည်း ရေတိုက်စားမှုကြောင့် ကားတစ်စီးသာသွား၍ရသော တံတားမှာ တိမ်းစောင်းသွားခဲ့သည်။

တအောင်းပလောင် သောင်းကျန်းသူများဖြစ်သည့် TNLA မှ ကျင်သီတံတားကို မိုင်းခွဲဖျက်ဆီးခဲ့သည့်အအချိန်မှစတင်ကာ ဒေသခံများ၏ စီးပွားရေး၊ ကျန်းမာရေးအခြေအနေများ များစွာခိုက်နေရကြောင်း သိရသည်။

သောင်းကျန်းသူများတည်ဆောက်ပေးခဲ့သည့် ယာယီတံတာယမှာလည်း မေ ၂၈ ရက်တွင်ရွာသွန်းခဲ့သည့်မိုကြောင့် တံတားအောက်ခြေတိုင်များယိုင်နဲ့သွားခဲ့သဖြင့် ယာဉ်များဖြတ်သန်း သွားလာခြင်းကို ရပ်ဆိုင်းလိုက်ရပြီဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် လမ်းတံတားများကို ပြုပြင်ပေးလျက်ရှိသော်လည်း လက်နက်ကိုင်အဖွဲ့အချို့ကြောင့်ပျက်စီးသွားသည့် လမ်းတံတားများအား လုံခြုံရေးစိတ်ချရသည့် အချိန်မှသာ ထပ်မံသွားရောက်ပြုပြင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ