ဘဏ်များနှင့် ပတ်သက်ပြီး စိုးရိမ်စရာမလိုကြောင်း ဗဟိုဘဏ်ထုတ်ပြန်


(ပြည်တွင်း) ဇွန် ၅

ပြည်တွင်းကဘဏ်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်စရာမလိုဘဲ ဘဏ်တွေအပေါ် ယုံကြည်စိတ်ချစွာနဲ့ ဘဏ်ဝန်ဆောင်မှုတွေ ပုံမှန်ရယူသုံးစွဲနိုင်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇွန်လ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်တွင် Yan Paing Soeနဲ့ Dean Kyne Facebook Page တွေ အပါအဝင် လူမှုကွန်ရက်စာမျက်နှာတွေမှာ မကြာခဏမဟုတ်မမှန်သတင်းတွေ ထုတ်လွှင့်ပြီး နိုင်ငံ့စီးပွားရေးနဲ့ ငွေကြေး တည်ငြိမ်မှုပျက်ပြားအောင် သွေးထိုးလှုဆော်မှုတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ လူမှုကွန်ရက်စာမျက်နှာတွေကို လက်ခံယုံကြည်ခြင်းမရှိရန်နဲ့ ပြည်သူတွေက ဝိုင်းဝန်းတိုက်ဖျက် ရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ