ဖျက်သိမ်းပြီးဖြစ်သည့်ပါတီ၏ အသုံးအဆောင်များကို သူရဦးတင်ဦးနာရေးတွင်အသုံးပြုနေ


(ပြည်တွင်း) ဇွန် ၅

၂၀၂၀ ပြည်နှစ်တွင်ပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲမသမာမှုတွေပြုလုပ်ခဲ့ အမျိုးသားဒီမိုကရေစီချုပ် NLD၏ နာယက သူရဦးတင်ဦး၏ဈာပနတွင် ပါတီ၏ အလံနှင့် ပါတီဝတ်စုံများကို ဝတ်ဆင်အသုံးပြုမှုများရှိနေသည်ဟု ဈာပနပွဲကိုသွားရောက်ခဲ့သူတစ်ဦးမှ ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ(၂၀၂၃)ကိုပြီးခဲ့သည့် ဇန်ဝါရီလ(၂၆)ရက်တွင် နစကဥက္ကဋ္ဌက လက်မှတ်ရေးထိုး ပြဌာန်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ပြန်လည် လျှောက်ထားရန် ရက်ပေါင်း(၆၀) သတ်မှတ်ပေးထားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၅/၂၀၂၃ ) ဖြင့် နိုင်ငံရေးပါတီများလျှောက်ထားခွင့်မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းနှင့်ပါတီဖျက်သိမ်းခြင်းတို့နှင့်စပ်လျဉ်းသည့် ကြေညာချက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ တည်ဆဲနိုင်ငံရေးပါတီများသည် နိုင်ငံရေးပါတီအဖြစ်တည်ထောင်လိုပါက ဥပဒေပြဌာန်းသည့်ရက်မှစ၍ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်ကို ပါတီမှတ်ပုံတင်ခွင့်ပြန်လည်လျှောက်ထားရမှာဖြစ်ပြီး လျှောက်ထားခြင်းမရှိပါက နိုင်ငံရေးရေးပါတီအဖြစ်မှ အလိုအလျှောက်ပျက်ပြယ်ပြီဖြစ်သည်ဟု ဖော်ပြထားသည်။

“ပါတီပဲဖြစ်ဖြစ် အသင်းအဖွဲ့ပဲဖြစ်ဖြစ် ဖျက်သိမ်းလိုက်ပြီ ပျက်ပြယ်သွားပြီလို့ဆိုရင် အသိအမှတ်ပြု ဝတ်စုံ အမှတ်တံဆိပ် ဒါတွေလည်းမရှိတော့ဘူး သူ့ဘာသာ အလိုအလျှောက် ပျက်သွားတာပေါ့ NLD လည်း ဒီလိုပဲ သူက ရက် ၆၀ မှာ ပြန်ပြီးမှတ်ပုံမတင်ထားတော့ အလိုအလျှောက်ပျက်သွားတာပေါ့လေ၊ ဥပဒေအရတော့ ဘယ်လိုရှိလဲဆိုတာကတော့ ရွေးကော်ကပဲသိလိမ့်မယ်နော် ကိုယ်တို့တော့မသိဘူး” နိုင်ငံရေးသမားတစ်ဦးမှ ပြောသည်။

NLD ပါတီ၏ နာယကတစ်ဦးဖြစ်သည့် သူရဦးတင်ဦး၏နာရေးအခမ်းအနားကို ဒီကနေ့ နေ့လည် ၂ နာရီက ရန်ကုန်မြို့က ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ကြပြီး အဲဒီအခမ်းအနားမှာ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှုနဲ့ ထောင်ကျခံနေရာက လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပြန်လည်လွတ်မြောက်လာသည့် စာရေးဆရာ ထင်လင်းဦး၊ NLD ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးအောင်တို့ဟာ ပါတီရဲ့ ဝတ်စုံနဲ့ ရင်ထိုးတံဆိပ်တွေဝတ်ဆင်လာတာတွေ့ရတယ်လို့ သိရပါတယ်။

ပုဒ်မ ၂၅ အရ ပါတီအဖြစ် ဆက်လက်လျှောက်ထားခြင်းမရှိသဖြင့် အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်ဟု ကြေညာထားသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယင်းပါတီအား ဖျက်သိမ်းသည်ဟုတရားဝင်ကြေညာထားခြင်းမရှိသလို ပါတီ၏ ဥပဒေအရ ဖျက်သိမ်းပြီဖြစ်သည်ဟု ယူဆရသည့် ပါတီအလံနှင့် ပါတီဝတ်စုံများကို ဝတ်ဆင်အသုံးပြုမှုများကို နိုင်ငံရေးပါတီများ မှတ်ပုံခြင်းဥပဒေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေများအရ အရေးယူခွင့်ရှိမရှိကိုတော့ မသိရပါဘူး။

Telegram>>…
https://t.me/positiveanglenews

PAN

#AMT #SZ