နွားထိုးကြီးမြို့မရဲစခန်းအား အကြမ်းဖက် PDF များက လက်နက်ကြီး/ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်


(ပြည်တွင်း) ဇွန် ၅

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့မရဲစခန်း၌ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးအခြေပြုဆောင်ရွက်နေစဉ် ယနေ့ မွန်းလွဲ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က ရဲစခန်း၏တောင်ဘက်၊ မီတာ ၅၀၀ ခန့်အကွာ၊ အမှတ် (၂)ရပ်ကွက်အနီးမှ အကြမ်းဖက် PDF အဖွဲ့ က လက်နက်ကြီး/လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်လာခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းဝင်း၏ အရှေ့ဝင်ပေါက် ဘန်ကာကင်းအပြင်ဘက် လမ်းမပေါ်သို့ လက်နက်ကြီး ကျည် ၂ လုံး၊ရဲစခန်းဝင်းအတွင်း အချုပ်ခန်းအဆောက် အဦး၏ မြောက်ဘက်ရှိ ၄ ခန်းတွဲ နေအိမ်လိုင်းခန်း အဆောက်အဦးပေါ်သို့ လက်နက်ကြီးကျည် ၁ လုံး၊ စုစုပေါင်း ၃ လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် သွပ် ၁ ချပ် ပေါက်ပြဲခဲ့ပြီး လုံ​​ခြုံ​ရေး ရဲဝန်ထမ်းတစ်ဦး၏ ဇနီးတွင် ဝဲ-နားထင် စုတ်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲဘက်ခါးစောင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်ခြေသလုံး ဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ရဲဝန်ထမ်းတစ်ဦးတွင် ဝဲဘက်မျက်လုံး ညိုမဲဖူးယောင်ဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် PDF အဖွဲ့သည် ညနေ ၅ နာရီ အချိန်ခန့်တွင် ပစ်ခတ်မှုရပ်စဲပြီး တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ