တူကီယဲနိုင်ငံက BRICS အဖွဲဝင်နိုင်ငံဖြစ်လိုသည့် ဆန္ဒရှိ


(နိုင်ငံတကာ) ဇွန် ၅

တူကီယဲနိုင်ငံက BRICS အဖွဲ့ဝင်နိုင်ငံဖြစ်လိုသည့် ဆန္ဒရှိနေကြောင်းနှင့် ထိုအဖွဲ့အတွင်း ဖွံဖြိုးတိုးတက်မှု များကိုစောင့်ကြည့်နေကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီး ဟာမန်ဖီဒန် က ဇွန်လ ၄ ရက်တွင် ပြောသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပသော အခမ်းအနားတစ်ခုတွင် ဟာမတ်ဖီဒန် က ၎င်းတို့အနေဖြင့် BRICS အဖွဲ့ဝင် နိုင်ငံဖြစ်လာစေရန် ဆန္ဒရှိကြောင်း၊ သို့သော်လည်း ယခုနှစ်အတွင်း၌ BRICS အဖွဲ့အနေဖြင့် ဘယ်လောက် တိုးတက်မှုများ ရှိလာမလဲဆိုတာကို စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း ပြောခဲ့သည်။

တူကီယဲနိုင်ငံအနေဖြင့် BRICS အဖွဲ့ဝင်နိုင်ငံဖြစ်လိုသည့် ဆန္ဒရှိမှုအပေါ် ရုရှားနိုင်ငံ က ကြိုဆိုကြောင်း၊ ထိုသို့ တူကီယဲ၏ စိတ်ဝင်စားမှုအခြေအနေ နှင့်ပတ်သက်၍ ရုရှားနိုင်ငံ က ဥက္ကဋ္ဌအဖြစ် လက်ခံကျင်းပမည့် BRICS ထိပ်သီးညီလာခံ၌ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ က ပြောသည်။

BRICS အဖွဲ့ကို ကမ္ဘာ့အကြီးဆုံး ဖွံဖြိုးဆဲစီးပွားရေးနိုင်ငံဖြစ်သည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက နိုင်ငံတိုနှင့် ၂၀၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် အီဂျစ်၊ အီသီယိုပီးယား၊ အီရန်နှင့် အာရပ်စော်ဘွားများပြည်ထောင်စုတိုကို ထပ်မံထည့်သွင်းခြင်းအားဖြင့် BRICS အဖွဲ့ကို ချဲ့ထွင်လာသည်။

၂၀၂၂ ခုနှစ် ဂျီဒီပီအရ BRICS အဖွဲ၏ ဂျီဒီပီသည် G-7 အဖွဲ့၏ ဂျီဒီပီထက် ကျော်လွန်နေကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ၂၀၃၀ ပြည့်နှစ်အရောက်တွင် BRICS အဖွဲ၏ဂျီဒီပီသည် တစ်ကမ္ဘာလုံး ဂျီဒီပီ ၏ ၅၀ ရာခိုင်နှုန်းကျော်လာမည်ဟု ခန့်မှန်းရသည်။ BRICS အဖွဲ့နှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲတို့သည် လက်ရှိ ထွက်ပေါ်လာနေသည့် ဗဟုဝင်ရိုးကမ္ဘာကြီးအတွက် အဓိက ထောက်တိုင်များ ဖြစ်လာနေပြီဟု ရုရှား သမ္မတ ဗလာဒီမာ ပူတင် က ပြောထားသည်ဟု Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ