တိုက်စစ်မှူးတွေ ဖြည့်ဖို့ကြံရွယ်နေတဲ့ မန်ယူအသင်း


(အားကစား) ဇွန် ၅

မန်ယူအသင်းဟာ လာမယ့်ရာသီအသစ်အတွက် တိုက်စစ်မှူးနေရာအတွက် ကစားသမားသစ်တွေကို ဖြည့်တင်းဖို့လုပ်ဆောင်နေပြီး ဝုဗ်အသင်းမှ ဘရာဇီးလ်တိုက်စစ်မှူး ကွန်ညာ နှင့် ဝက်စ်ဟမ်းအသင်းမှ ဂါနာကွင်းလယ်တိုက်စစ်ကစားသမား ကူဒူစ် တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

မန်ယူအသင်းက ယင်းကစားသမားနှစ်ဦးကို ပြီးခဲ့တဲ့ရာသီကတည်းက ကင်းထောက်များစေလွှတ်ကာ စောင့်ကြည့်စေခဲ့ပြီး ပထမဦးစားပေးကစားသမားမှာမူ ကွန်ညာ ဖြစ်ကြောင်း သိရပါတယ်။

အသက် ၂၅ နှစ်အရွယ် ကွန်ညာ က အက်သလက်တီကိုအသင်းမှ ဝုဗ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဝုဗ်အသင်းမှာ လစာပေါင် ၆၀,၀၀၀ ဝန်းကျင်သာ ရရှိနေသူဖြစ်ကြောင်း သိရပါတယ်။

ဒါကြောင့် မန်ယူအသင်းက လက်ရှိလစာရဲ့ နှစ်ဆပေးကာ ကမ်းလှမ်းသွားရန် စီစဉ်နေပြီး ပြောင်းရွှေ့ကြေးမှာ ပေါင်သန်း ၆၀ ဝန်းကျင်သုံးစွဲရဖွယ်ရှိကြောင်း သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ