တန်းတက်ခွင့်ရခဲ့တဲ့ ဗီနီဇီယာအသင်း ဗင်းနစ်မြိုမှာ အောင်ပွဲခံ


(အားကစား) ဇွန် ၅

စီးရီးအေကို တန်းတက်ခွင့်ရခဲ့တဲ့ ဗီနီဇီယာအသင်းဟာ ဇွန်လ ၃ ရက်က ဗင်းနစ်မြို့မှာ အောင်ပွဲခံအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

ဗင်းနစ်မြို့မှာ ဗီနီဇီယာအသင်းသားတွေဟာ လှေနဲ့လှည့်လည် အောင်ပွဲခံခဲ့ကြတာဖြစ်ပြီး ပရိသတ်တွေကလည်း လမ်းတစ်လျှောက်မှာ အသင်းသားတွေနဲ့အတူ အောင်ပွဲခံခဲ့ကြပါတယ်။

ဗီနီဇီယာ အသင်းဟာ စီးရီးအေတန်းတက်ခွင့် ပလေးအော့ဖ် ဖိုင်နယ် ဒုတိယအကျော့မှာ ခရီမိုနီစီအသင်းကို အနိုင်ရခဲ့လို စီးရီးအေကို တန်းတက်ခွင့်ရခဲ့တာပါ။

ဗီနီဇီယာအသင်းဟာ ပြီးခဲ့တဲ့ရာသီ စီးရီးဘီမှာ တတိယ နေရာရခဲ့လို တန်းတက်ခွင့် ပလေးအော့ဖ်ကို ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

အခုလို တန်းတက်ခွင့်ရခဲ့မှုက ဗီနီဇီယာအသင်းရဲ့ စီးရီးအေနဲ့ နှစ်ရာသီကြာ ဝေးကွာခဲ့ရမှုကို အဆုံးသတ်နိုင်ခဲ့ ပါတယ်။

၂၀၂၁-၂၂ ဘောလုံးရာသီ စီးရီးအေမှာ အဆင့် (၂၀) နဲ့ တန်းဆင်းခဲ့ရတဲ့ ဗီနီဇီယာအသင်းဟာ လာမယ့် ရာသီမှာတော့ ပါးမား၊ ကိုမိုအသင်းတွေ နဲ့အတူ စီးရီးအေကို တန်းပြန်တက်လာတော့မှာ ဖြစ်ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ